ဖိလစ်ပိုင်မှာ ကျင်းပတဲ့ "ရွှံ့လူသား ပွဲတော်"

ဖိလစ်ပိုင်မှာ ကျင်းပတဲ့ "ရွှံ့လူသား ပွဲတော်"

 

ဇွန် ၂၅ ။         ။ ဖိလစ်ပိုင်မှာ "ရွှံွ့လူသား ပွဲတော်" လို့ လူသိများတဲ့ ကက်သလစ် ဘာသာရေးပွဲတော်တစ်ခုကို ကျင်းပခဲ့ရာမှာ သက်ဝင်ယုံကြည်သူပေါင်းများစွာ တက်ရောက်ပါ၀င်ခဲ့ကြပါတယ်။

ဇွန်လ ၂၄ ရက်က မြို့တော် မနီလာရဲ့ မြောက်ဘက် မိုင် ၆၀ အကွာက Aliaga မြို့လေးမှာ ကျင်းပတဲ့ အဆိုပါ ရွှံ့ပွဲတော်ကို တက်ရောက်လာကြသူတွေကတော့ ငှက်ပျောရွက်တွေနဲ့ ဖန်တီးထားတဲ့ ၀တ်စုံတွေ ၀တ်ဆင်ပြီး ပါ၀င်ခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သားတွေ ကွပ်မျက်သတ်ဖြတ်မယ့် ဘေးကနေ ဒေသခံတွေကို ကယ်တင်ပေးခဲ့တယ်လို့ ယုံကြည်ရတဲ့ သူတော်စင်တစ်ပါးကို အမှူးပြုပြီး ယခု ပွဲတော်ကို ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

ယခု ရွံ့လူသားပွဲတော်ကျင်းပချိန်မှာတော့ ဒေသခံ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေဟာ ရွံ့ထူထပ်တဲ့ စပါးခင်းတွေထဲ ၀င်ထိုင်ပြီး ၎င်းတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ရွှံ့တွေနဲ့ လိမ်းကျံကြရပါတယ်။

အဆိုပါ ပွဲတော်မှာ တက်ရောက်ပါ၀င်ကြသူတွေအနေနဲ့ ယခုလို ခန္ဓာကိုယ်ပေါ် ရွှံ့တွေနဲ့ လိမ်းကျံရင်း ငှက်ပျောရွက်ဝတ်ရုံတွေ ၀တ်ဆင် ဆုတောင်းမှုတွေ ပြုလုပ်ရင်းနဲ့ ၎င်းတို့တွေဟာ ဘာသာရေးအပေါ် သက်ဝင်ယုံကြည်မှုနဲ့ လူသားတို့အပေါ် စာနာမှုတို့ကို ပြသရာရောက်တယ်လို့ ယုံကြည်ကြကြောင်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required