မယ်ဆိုင်က လိုဏ်ဂူအတွင်း ဘောလုံးအသင်းနှင့် နည်းပြ ပိတ်မိနေဖွယ်ရှိ၍ ကယ်ဆယ်နေ

မယ်ဆိုင်က လိုဏ်ဂူအတွင်း ဘောလုံးအသင်းနှင့် နည်းပြ ပိတ်မိနေဖွယ်ရှိ၍ ကယ်ဆယ်နေ

 

ထိုင်းနိုင်ငံ မြောက်ပိုင်းနယ်စပ် မယ်ဆိုင်ခရိုင်အတွင်းရှိ သမ်လောင်နန်နွန် လိုဏ်ဂူအတွင်းမှာ ဘောလုံးသမား ၁၁ ဦးနှင့် နည်းပြဖြစ်သူတို့ ပိတ်မိနေဖွယ် ရှိ၍ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးများ လုပ်ဆောင်လျက်ရှိနေသည်။

မယ်ဆိုင်-ချင်းရိုင်လမ်းမှ တစ်ကီလိုမီတာခန့်အကွာ ပွန်ဖာအရပ်ရှိ သာလောင်ခွန်နမ်နန်းနွန် အမျိုးသားဥယျာဉ်တွင် တည်ရှိသော လိုဏ်ဂူတွင် ဖြစ်ပွားခြင်း ဖြစ်သည်။

အဆိုပါ လိုဏ်ဂူသည် ကျောက်စက်ပန်းဆွဲများ၊ ကျောက်စက်မိုးမျှော်များကြောင့် နာမည်ကြီးထင်ရှားသည့် လိုဏ်ဂူဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၂၃ ရက် ည ခုနစ်နာရီခန့်က ဥယျာဉ်တာဝန်ရှိသူများက မော်တော်ဆိုင်ကယ်တစ်စီးနှင့် စက်ဘီး ၁၁ စီးအား လိုဏ်ဂူရှေ့တွင် တွေ့ရှိခြင်း ဖြစ်သည်။ ယင်းဆိုင််ကယ်နှင့် စက်ဘီးများတွင် ဘောကန်ဖိနပ်များနှင့် အခြားအားကစားပစ္စည်းများကိုပါ တွေ့ရှိသည်။

အဆိုပါ တာဝန်ရှိသူများက ပွန်ဖာရှိ ဒေသခံဘေဘာလုံးအသင်း ခေါင်းဆောင်ထံ ဆက်သွယ်ရာ ၎င်းက ဘောလုံးသမား ၁၁ ဦးနှင့် နည်းပြတို့၏ ပစ္စည်းများ ဖြစ်ကြောင်း အတည်ပြုသည်။

ထိုအားကစားသမားများသည့် စနေ၊ တနင်္ဂနွေတိုင်း ဘောလုံးကွင်းတွင် လေ့ကျင့်လေ့ရှိသည်။ ဇွန် ၂၃ ရက်တွင် ထိုသို့ လေ့ကျင့်ပြီးနောက် လိုဏ်ဂူအတွင်း ၀င်သွားကြသည်ကို မျက််မြင်တွေ့လိုက်သူများလည်း ရှိသည်။

လိုဏ်ဂူ၏ အတွင်းပိုင်း သုံးကီလိုမီတာအထိ  တာဝန်ရှိသူများ ၀င်ရောက်ရှာဖွေပြီးသော်လည်း ၎င်းတို့အား တွေ့ရှိခြင်း မရှိသေးပေ။

မိုးသည်းထန်စွာ ရွာခြင်းကြောင့် ချောင်းငယ်ရေသည် ၀င်ပေါက်ကို ပိတ်ဆို့အောင် မြင့်တက်လာမည် စိုးရိမ်၍ ရရှာဖွေမှုကို ရပ်ထားခြင်း ဖြစ်သည်။

ဘောလုံးသမားများနှင့် နည်းပြဖြစ်သူတို့ လိုဏ်ဂူအတွင်း ရှိနေလိမ့်မည်ဟု ၎င်းတို့က ယူဆထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required