ဆိုဂျီဆပ် နှင့် ရှင်မင်အာတို့ ပါဝင်သရုပ်ဆောင်ထားသော Oh My God ဒရမ်မာ ဇာတ်ကား မည်သည့် ရုပ်သံမှ ထုတ်လွှင့်မည်ကို အတည်မပြုသေး

ဆိုဂျီဆပ် နှင့် ရှင်မင်အာတို့ ပါဝင်သရုပ်ဆောင်ထားသော Oh My God ဒရမ်မာ ဇာတ်ကား မည်သည့် ရုပ်သံမှ ထုတ်လွှင့်မည်ကို အတည်မပြုသေး

ဆိုးလ်၊ စက်တင်ဘာ ၁ ။             ။ တောင်ကိုရီးယားမင်းသား ဆိုဂျီဆပ် နှင့်မင်းသမီး ရှင်မင်အာတို့ ပါဝင်သရုပ်ဆောင်ထားသော  KBS ရုပ်သံ၏ Oh My God ဒရမ်မာ ဇာတ်ကားကို ဒီဇင်ဘာလတွင် စတင်ထုတ်လွှင့်သွားမည်ဟု စက်တင်ဘာ ၁ ရက်က အတည်ပြုပြောကြားခဲ့သည်။

သိုရာတွင်  ယင်းကဲ့သို့ အတည်ပြုပြောကြားခဲ့ပြီးနောက် KBS ရုပ်သံဌာနမှ ကိုယ်စားလှယ်က ယင်းနေ့တွင်ပင် အဆိုပါ ဇာတ်ကားကို မည်သည့်ရုပ်သံက ထုတ်လွှင့်သွားမည့်ကိစ္စကို ဆွေးနွေးလျက် ရှိကြောင်းနှင့် မည်သည့် ရုပ်သံက ထုတ်လွှင့်မည်ကို ယခုအချိန်ထိ အတည်မပြုနိုင်သေးကြောင်း ပြောကြားခဲ့သည်။

Oh My God ဇာတ်ကားသည် ဟာသချစ်ဇာတ်လမ်း ဇာတ်ကားဖြစ်ပြီး ကလေး ဘဝကတည်းက သမိုင်းကြောင်းရှည်ရှိခဲ့သည့် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး၏ ချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူး ထားသည့် ဇာတ်ကားဖြစ်သည်။

အဆိုပါဇာတ်ကားသည် မင်းသားဆိုဂျီဆပ်နှင့် မင်းသမီး ရှင်မင်အာတို့ ပါဝင် သရုပ်ဆောင်သွားမည်ဟု အတည်ပြုပြောကြားခဲ့သည့် အချိန်မှစ၍  ပရိတ်သတ်များ၏ စိတ်ဝင်စားမှု အများအပြား ရရှိထားသည့် ဇာတ်ကားဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required