NLD ပါတီ CEC ၆ ဦး ထပ်တိုးခန့်အပ်

NLD ပါတီ CEC ၆ ဦး ထပ်တိုးခန့်အပ်

ရန်ကုန် ၊ ဇွန် ၂၄ ။         ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (၆) ဦးကို ထပ်တိုးခန့်အပ်လိုက်ပြီ ဖြစ်သည်။

အသစ်ထပ်တိုးခန့်အပ်လိုက်သည့် ပုဂ္ဂိုလ်များမှာ ဒေါက်တာတင်မျိုးဝင်း ၊ ဦးအောင်ကြည့်ညွန့် ၊ ဦးသိန်းဦး၊ ဒေါက်တာမြင့်နိုင် ၊ ဦးအင်ထုံးခါးနော်ဆမ်၊ ဦးတင်ထွဋ်ဦး တို့ ဖြစ်သည်။

ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(၁၅) ဦးရှိပြီး ထပ်တိုးခန့်အပ်လိုက်သည့် အဖွဲ့ဝင် (၆)ဦးဖြင့် စုစုပေါင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၂၁) ဦး ဖြစ်လာခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် ဗဟိုကော်မတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့တင်သွင်းလာသည့် ကိုယ်စားလှယ် လောင်း(၁၄) ဦးအနက် ဗဟိုအလုပ်အမှုဆောင်အဖြစ် (၆) ဦးရွေးချယ်ခဲ့ပြီး ကျန်ရစ်သူများကို အရံဗဟိုအလုပ်အမှုဆောင်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီ၌ ဦးဉာဏ်ဝင်း ၊ ဦးထွန်းထွန်းဟိန် ၊ ဒေါက်တာမေဝင်းမြင့် စသည့်သူများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အများစုပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly