လက်မှုပစ္စည်းဆိုင် ၅ မျိုးပေါင်းဖွင့်ထားတဲ့ Pyinsama ဆိုင်

လက်မှုပစ္စည်းဆိုင် ၅ မျိုးပေါင်းဖွင့်ထားတဲ့ Pyinsama ဆိုင်

ရန်ကုန်၊ ဇွန် ၂၄ ။           ။ မြန်မာ့လက်မှုပစ္စည်းများကို တစ်နေရာထဲရရှိစေနိုင်မည့် မြန်မာ့လက်မှုပစ္စည်းဆိုင် Pyinsama ကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းမပေါ်တွင် ဇွန်လ ၂၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။

မြန်မာ့လက်မှုပစ္စည်း ငါးဆိုင်က ကျောက်ပန်းချီ၊ ကမာပန်းချီ၊ ကျောက်စိမ်း၊ အင်ကြင်းကျောက်၊ ငွေထည် ကြေးထည်ပန်းချီ၊ ချည်ထည် ဖိနပ် စသည်များကို ရောင်းချသွားမည်ဖြစ်ပြီး အခြားသောပစ္စည်းများကိုလည်း တစ်နေရာထဲတွင် ရရှိနိုင်ရန် တင်သွင်းထားသည်။

မြန်မာ့လက်မှုပစ္စည်းစျေးကွက်မှာ ပျောက်ကွယ်လုနီးပါးဖြစ်ပြီး ထိမ်းသိမ်းရန်လိုအပ်နေကြောင်း Pyinsama ဆိုင်တွင်ပါ၀င်ရောင်းချနေသည့် Idea Gem Art and Frame မှ ဒေါ်ခင်ချိုမြ က ဆိုသည်။

"ကျွန်မတို့ကတော့ ပိုပြီးတော့ လက်မှုကိုတိုးတက်အောင် ဒီလက်မှုလေးတွေကို မပျောက်မပျောက်ကွယ်သွားအောင် လက်မှုပညာကိုတန်ဖိုးထားတက်အောင် ကျွန်မတို့ကတော့ တက်နိုင်သမျှစွမ်းဆောင်ပြီးလုပ်နေရမှာပါ။ ဘာလို့ဆိုတော့ နောင်ဒီလက်မှုပညာဟာ ဆက်ခံမယ့်နောင်လာနောက်သားတွေက မရှိတော့တဲ့အတွက် ပျောက်သွားမှာစိုးလို့ပါလေ။ အဲဒီအတွက်ကိုပဲ စိုးရိမ်ပါတယ်" ဟု Idea Gem Art and Frame မှ ဒေါ်ခင်ချိုမြ က ပြောသည်။

အစိုးရများအနေဖြင့် မြန်မာ့လက်မှုပစ္စည်းများကို ယခုကဲ့သို့ တစ်နေရာထဲတွက် ရရှိနိုင်မည့် စင်တာများဖန်တီးပေးစေလိုသည်ဟု ၄င်းကဆိုသည်။

"ဒီမှာက ပစ္စည်းကတော့ ရိုးရိုးအသုံးအဆောင်ပစ္စည်းလေးတွေဆိုတော့ လက်ပတ်လေးတွေဆို လေး ငါးထောင်တို့ တစ်သောင်းလောက် နှစ်သောင်းလောက်ဝန်းကျင်လေးတွေ ဆွဲကြိုးလေးတွေရှိတယ်။ ကျွန်တော်တို့အချောထည်လေးတွေလုပ်ထားတဲ့ဟာတွေက တစ်သိန်းနှစ်သိန်းတန်တွေ ဆယ်သိန်း သိန်းနှစ်ဆယ် နောက် လေး ငါးဆယ် အဲဒီလောက်ထိကိုရှိပါတယ်" ဟု Tree Jade မြန်မာ့ အင်ကြင်းကျောက် လုပ်ငန်း မှ ဦးမင်းရွှေ က ပြောသည်။

မြန်မာ့လက်မှုပစ္စည်းစျေးကွက်အတွင်းတွင် နိုင်ငံခြားသားများမှ အဓိကဝယ်ယူကြပြီး လက်ဆောင်ပေးရန်အတွက် မြန်မာနိုင်ငံသားအချို့မှ ၀ယ်ယူလေ့ရှိနေသည်ဟု ဒေါ်ခင်ချိုမြက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required