ရွှေ့ပြောင်းဒုက္ခသည်များကို ခွဲမယူသည့် အီးယူနိုင်ငံများကို ဆန်ရှင်ချရေး ပြင်သစ် ထောက်ခံ

ရွှေ့ပြောင်းဒုက္ခသည်များကို ခွဲမယူသည့် အီးယူနိုင်ငံများကို ဆန်ရှင်ချရေး ပြင်သစ် ထောက်ခံ

ပါရီ၊ ဇွန် ၂၄ ။           ။ စပိန်ဝန်ကြီးချုပ်သစ်နှင့် တွေ့ဆုံပြီးနောက် ပြင်သစ်သမ္မတ မက်ခရွန်သည် ရွှေ့ပြောင်းဒုက္ခသည်များကို အချိုးကျ လက်ခံရမည်ကို ငြင်းဆန်သော အီးယူအဖွဲ့ဝင်နိုင်ငံများအား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရေးကို ဇွန် ၂၃ ရက်တွင် ထောက်ခံပြောကြားလိုက်သည်။

စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်ချက်ဇ်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် သမ္မတ မက်ခရွန်က ဇွန် ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားသော ရွှေ့ပြောင်းသူများအရေး အီးယူထိပ်သီးအစည်းအဝေးသို့ မပါဝင်သော ဟန်ဂေရီ၊ ချက်ဇ်၊ ပိုလန်နှင့် ဆလိုဗာကီးယားနိုင်ငံတို့အား ဝေဖန်အပြစ်ဆိုသည်။

“အီးယူရဲ့ စည်းလုံးမှုကနေ အကျိုးစီးပွား များစွာဖော်ဆောင်နေပြီး ရွှေ့ပြောင်းသူများ ပြဿနာ ပေါ်ပေါက်ချိန်မှာ ကိုယ်နိုင်ငံ အမျိုးသားအကျိုးစီးပွားကိုပဲ ကြည့်နေတဲ့ နိုင်ငံမျိုးတွေ မလိုလားပါ။”ဟု မက်ခရွန်က ပြောပြီး အမျိုးသားရေး ရှေးရှု ဖြေရှင်းမှုများသည် ရွှေ့ပြောင်းဒုက္ခသည်အရေးအတွက် အလုပ်မဖြစ်ကြောင်း ဖြည့်စွက်ဆိုသည်။

ထိုပြင် မက်ခရွန်နှင့် ဆန်ချက်ဇ်တို့က ရွှေ့ပြောင်းဒုက္ခသည်များကို အီးယူအဖွဲ့ဝင်နိုင်ငံများ ခွဲတမ်းအရ တာဝန်ယူမှု ရှိလာရန် ဥရောပမြေပေါ်ရှိ လက်ခံရေးစင်တာများကို ပိတ်ထားရေး ထောက်ခံသဘောတူခဲ့ကြောင်းလည်း ပြောသည်။

အီးယူအဖွဲ့၏ ရွှေ့ပြောင်းသူများ ပေါ်လစီသည် လူ့အခွင့်အရေးလေးစားမှုအပေါ် အခြေခံပြီး အီးယူနှင့် ရွှေ့ပြောင်းဝင်ရောက်သူများ၏ ပင်ရင်းနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုအပေါ်လည်း မူတည်ထားကြောင်း ဆန်ချက်ဇ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required