လော့စ်အိန်ဂျလိစ် ရှိုးပွဲတွင် 808s & Heartbreak တေးသီချင်း အယ်လ်ဘမ်ကို သီဆိုဖျော်ဖြေသွားမည့် ကာနေးဝပ်စ်၏

လော့စ်အိန်ဂျလိစ် ရှိုးပွဲတွင် 808s & Heartbreak တေးသီချင်း အယ်လ်ဘမ်ကို သီဆိုဖျော်ဖြေသွားမည့် ကာနေးဝပ်စ်၏

အမေရိကန် ရက်ပ်အဆိုတော် ကာနေးဝပ်စ်သည် လာမည့်လတွင် လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပပြုလုပ်မည့် ဖျော်ဖြေပွဲတွင် ၎င်း၏ စတုတ္ထမြောက် တေးသီချင်း အယ်လ်ဘမ်  808s & Heartbreak ကို သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကာနေးဝပ်စ်သည် စက်တင်ဘာ ၅ ရက်တွင် လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပပြုလုပ်မည့် Hollywood Bowl ဖျော်ဖြေပွဲတွင်  ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့သည့် အဆိုပါ တေးအယ်လ်ဘမ်ထဲ တစ်ခုလုံးကိုဖျော်ဖြေ သီဆိုသွားမည်ဖြစ်သည်။

808s & Heartbreak တေးသီချင်းအယ်လ်ဘမ်ထဲမှ သီချင်းများသည် Auto Tune များဖြင့် တီးခတ်ထားပြီး R&B နှင့် ရော့ခ်တေးဂီတ ပေါင်းစပ်ထားသည့် တေးသီချင်းများ ပါဝင်သည်။

အဆိုပါ တေးသီချင်းအယ်လ်ဘမ်တွင် ကာနေးဝပ်စ်သည်  မိခင်ကွယ်လွန်မှုနှင့် ကြုံတွေ့ ခံစားခဲ့ရပြီး ၎င်း၏စေ့စပ်ပွဲ ဖျက်သိမ်းခဲ့ရသည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ဲပြီးနောက် စိတ်သောက ရောက်နေသည့် ခံစား ချက်များကို ရေးဖွဲ့ထားသောသီချင်းများ ပါဝင်သည်။ အဆိုပါ တေးသီချင်း အယ်လ်ဘမ်ထဲမှ  Love Lockdown ၊  Heartless ၊  Amazing နှင့်  Paranoid တေးသီချင်း လေးပုဒ်သည် လူကြိုက်များ ခဲ့သည်။

သြဂုတ် ၃၀ ရက် ညက လော့စ်အိန်ဂျလိစ်မြို့တွင် ကျင်းပပြုလုပ်သော အမ်တီဗီဆုပေးပွဲတွင် ကာနေးဝက်စ်သည် ဂီတဗီဒီယို ဂုဏ်ဆောင် မိုက်ကယ်ဂျက်ဆင် အထူးဆုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly