ဆော်ဒီအာရေဗျတွင် အမျိုးသမီးများ ယာဉ်မောင်းနှင်ခွင့် ပိတ်ပင်ထားခြင်း နိဂုံးချုပ်

ဆော်ဒီအာရေဗျတွင် အမျိုးသမီးများ ယာဉ်မောင်းနှင်ခွင့် ပိတ်ပင်ထားခြင်း နိဂုံးချုပ်

ရီယတ်၊ ဇွန် ၂၄ ။              ။ ဆော်ဒီအာရေဗျအစိုးရ၏ ပြီးခဲ့သည့် ကြေညာချက်အရ ဆယ်နှစ်စုများစွာ ပိတ်ပင်ထားခဲ့သော အမျိုးသမီးများ ယာဉ်မောင်းခွင့် တားမြစ်ချက်သည် ဇွန် ၂၄ ရက်တွင် တရားဝင်အဆုံးသတ်ပြီ ဖြစ်သည်။

ကမ္ဘာပေါ်တွင် အမျိုးသမီးများ ယာဉ်မမောင်းနှင်ရသည့် တစ်ခုတည်းသော နိုင်ငံအဖြစ်ကို ဘုရင့်နိုင်ငံ ဆော်ဒီက ကျော်လွှားလိုက်ခြင်းအားဖြင့် အမျိုးသမီး ထောင်ပေါင်းများစွာ ယာဉ်မောင်းနှင် ကြရတော့မည် ဖြစ်သည်။

ထိုသို့ အမျိုးသမီးများအား ယာဉ်မောင်းခွင့် ပြုသည့် အပြောင်းအလဲကို ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကြေညာထားခဲ့ခြင်းဖြစ်ကာ ယခုလအစောပိုင်းတွင်လည်း အမျိုးသမီးများအား ပထမဆုံး ယာဉ်မောင်းလိုင်စင် ထုတ်ပေးထားပြီ ဖြစ်သည်။

သို့သော်လည်း ယခု လုပ်ဆောင်ချက်သည် အမျိုးသမီးများ ယာဉ်မောင်းခွင့် ရရှိရေး တိုက်ပွဲဝင်သော တက်ကြွလှုပ်ရှားသူများကို ပြင်းပြင်းထန်ထန် ဖြိုခွင်းထားသည့်ကြားက ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

ထိုသို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ရှစ်ဦးကို ဖမ်းဆီးထားရာ ၎င်းတို့အနေဖြင့် တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေး ခုံရုံးတွင် အမှုရင်ဆိုင်ရမည်ဖြစ်ကာ ထောင်ဒဏ် နှစ်ရှည် ကျခံရနိုင်ကြောင်း လူ့အခွင့်အရေးအဖွဲ့ Amnesty က ပြေသည်။

၁၉၉၀ ခုနှစ်အတွင်းက ရီယတ်တွင် ကားမောင်းနှင်၍ ဖမ်းဆီးခံရသည့် အမျိုးသမီး ဒါဇင်များစွာ ရှိခဲ့သည်။ ၂၀၀၈ နှင့် ၂၀၁၁ မှ ၂၀၁၄ ခုနှစ်များကြားတွင် အချို့သော ဆော်ဒီအမျိုးသမီးများက ကိုယ်တိုင် ကားမောင်းနေသည်ကို ဗီဒီယိုရိုက်ကာ အွန်လိုင်းပေါ် တင်ခြင်းများ လုပ်ဆောင်ခဲ့သည်။

“ဆော်ဒီအမျိုးသမီးတိုင်းအတွက် သမိုင်းဝင်ဖြစ်ရပ်ပါပဲ။”ဟု ဆော်ဒီရုပ်မြင်သံကြားတင်ဆက်သူ ဆာဘီကာက အေအက်ဖ်ပီသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required