နွားရိုင်းလွှတ်ပွဲအတွင်း ဂိုဏ်းဖွဲ့လိင်စော်ကားသူများကို စပိန်တရားရုံး ပြန်လွှတ်၍ လူထောင်ပေါင်းများစွာ ဆန္ဒပြ

နွားရိုင်းလွှတ်ပွဲအတွင်း ဂိုဏ်းဖွဲ့လိင်စော်ကားသူများကို စပိန်တရားရုံး ပြန်လွှတ်၍ လူထောင်ပေါင်းများစွာ ဆန္ဒပြ

မက်ဒရစ်၊ ဇွန် ၂၃ ။            ။ စပိန်နိုင်ငံတွင် ပမ်ပလိုနာမြို့ နွားရိုင်းလွှတ်ပွဲအတွင်း အမျိုးသမီးငယ််တစ်ဦးကို အုပ်စုဖွဲ့ လိင်စော်ကားမှု ကျုးလွန်ခဲ့သူ ထောင်ဒဏ် ကိုးနှစ် ချမှတ်ခံထားရသည့် အမျိုးသားငါးဦးအား အာမခံဖြင့် တရားရုံးက ပြန်လွှတ်ပေးလိုက်ရာ ဇွန် ၂၂ ရက်တွင် နိုင်ငံတစ်ဝန်း လမ်းများ၌ ဆန္ဒပြမှုများ ပေါ်ပေါက်သည်။

Whats App ဂရုတွင် The Pack ဟု ၎င်းတို့ကိုယ်ကို နာမည်ခေါ်တွင်ကြသည့် ယင်းဂိုဏ်းအုပ်စုက ၂၀၁၆ ခုနှစ် ဇူလိုင် ရ ရက်က လာရောက်ပွဲကြည့်သူပေါင်း ထောင်ပေါင်းများစွာ ရှိသည့် သီတင်းပတ်ကြာ ကျင်းပသော San Fermin နွားရိုင်းလွှတ်ပွဲအတွင်း အသက် ၁၈ နှစ်အရွယ် အမျိုးသမီးကို ဂိုဏ်းဖွဲ့မုဒိမ်းပြုကျင့်မှုဖြင့် စွပ်စွဲခံရခြင်း ဖြစ်သည်။

အသက် ၂၇ နှစ်မှ ၂၉ နှစ်ကြားရှိ ၎င်းတို့ ငါးဦးစလုံးအား လိင်စော်ကားအနိုင်အထက်ပြုမှုဖြင့် ဧပြီလအတွင်းက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သော်လည်း မုဒိမ်းမှုအပါအဝင် ကြီးလေးသည့် လိင်စော်ကားရာဇဝတ်မှုများမှ တရားသေလွှတ်လိုက်ခြင်း ဖြစ်သည်။

တရားရုံးအနေဖြင့် ပြုကျင့်ခံရသည့် မိန်းမငယ်မှာ ခြိမ်းခြောက်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်းများကြောင့် ကျုးလွန်ခဲ့ရခြင်းကို စဉ်းစားသုံးသပ်ခြင်း မရှိ၍ ယခုကဲ့သို့ တရားသေလွှတ်ပေးလိုက်ခြင်းပဲ ဖြစ်ရာ နိုင်ငံတတစ်ဝန်း ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်လာခြင်းပဲ ဖြစ်သည်။

ထိုကျုးလွန်သူ ငါးဦးက ၎င်းတို့၏ ထောင်ဒဏ်ကို အသနားခံ ၀င်ခဲ့ပြီး ပမ်ပလိုနာတရားရုံးက ဇွန် ၂၁ ရက်တွင် ၎င်းတို့အား အာမခံ ယူရိုငွေ ခြောက်ထောင်ဖြင့် ပြန်လွှတ်ရန် အမိန့်ချမှတ်လိုက်ခြင်းပဲ ဖြစ်သည်။

နှစ်နှစ်ပြည့်အောင်ပင် ထောင်ဒဏ် မကျခံရဘဲ ၎င်းတို့ငါးဦးအား  ပြန်လွှတ်ပေးလိုက်ပြီး အချိန်ပိုင်းအတွင်း ဇွန် ၂၂ ရက် ညနေပိုင်း၌ တရားရေးဝန်ကြီးဌာန အပြင်ဖက်တွင် အသက်အရွယ်စုံ လူထောင်ပေါင်းများစွာက စုရုံးရောက်ရှိကာ ဆန္ဒပြကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly