ထိုင်းရှိ မြန်မာအလုုပ်သမားများ CI စာအုပ် ကိုယ်တိုင်လာရောက်လုပ်သူ နည်းပါး

ထိုင်းရှိ မြန်မာအလုုပ်သမားများ CI စာအုပ် ကိုယ်တိုင်လာရောက်လုပ်သူ နည်းပါး
မြဝတီကျောက်လုံးကြီးစခန်းတွင် CI စာအုပ်အတွက် လာရောက်ကြစဉ်။

ဇွန်လ ၂၂၊ မြဝတီ ။           ။ ထိုင်းနိုင်ငံတွင် လာမည့် ဇွန်လကုန်မှ စတင်ကာ CI စာအုပ်ကဲ့သို့သော အထောက်အထားများ မရှိပါက မြန်မာအလုပ်သမားများကို ဖမ်းဆီးတော့မည် ဖြစ်သော်လည်း အများစုက ပွဲစားများကိုသာ အားကိုးပြီး စာအုပ် လုပ်ဆောင်နေရကြောင်း သိရသည်။

“ အလုုပ်သမားတွေကိုုယ်တိုုင်သွားရင် ၀င်ခွင့်မရဘူး။ တန်းစီလည်း မရဘူး။ နောက်ဆုံုး ပြန်လှည့်လာရတယ်။ ပွဲစားနဲ့ ၀င်တဲ့သူတွေပဲ မနက်အစောကြီးရောက်လာတဲ့သူတွေထက် အရင်ရသွားတယ်၊ အလုုပ်သမားတွေ စိတ်ထဲ စွဲသွားတာက ပွဲစားနဲ့လုုပ်မှရမယ်ဆိုုတာပဲ။ ကိုုယ်တိုုင်လုုပ် တန်းစီစနစ်က မအောင်မြင်သေးဘူး ” ဟုု မြန်မာအလုုပ်သမားအရေး ဆောင်ရွက််နေတဲ့ AACမဟာမိတ်အဖွဲ့(ယာယီဖျက်သိမ်း)မှ ကိုုရဲမင်းက ပြောသည်။

နိုုင်ငံသား စီစစ်ခြင်းလုုပ်ငန်း များဖြစ်သော Certification of Identity (CI) စာအုပ် နှင့် Work permit Visa များကို လာမည့် ဇွန်လ ၃၀ရက် နေ့ နောက်ဆုံုးထားပြီး လုုပ်ဆောင်ရန် ဘန်ကောက်ရှိ မြန်မာသံရုံုးမှ  ဇွန်လ ၁၆ ရက်နေ့က ထုုတ်ပြန်ထားပြီး ဇွန်လကုန်သည်နှင့် ထိုင်းနိုင်ငံရောက် အထောက်အထားမခိုုင်လုံုသော မြန်မာအလုုပ်သမားများကိုု ထိုင်းဘက်မှ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ CI စာအုုပ်ကိုု မြန်မာအလုုပ်သမားများ အနေဖြင့် Seven Eleven စတိုုးဆိုုင်များတွင်  ဘတ်ငွေ ၃၁၀ ဖြင့် နေ့ချင်းပြီး ထုုတ်ယူနိုုင်ကြောင်း ထုတ်ပြန်ထားသည်။

အလုုပ်သမားများ CI စာအုုပ်ကို ကိုယ်တိုင်လုပ်ရာတွင် အခက်အခဲများ ရှိနေပြီး အချို့မှာမူ အလုပ်ရှင်မှ လိုက်ဆောင်ရွက်ပေးသောကြောင့် အဆင်ပြေသွားသည်ဟု ဆိုသည်။

“ပွဲစားက သူဌေးဆီက လိုုအပ်တဲ့ စာရွက်စာတမ်းလာယူပြီး သူကိုုယ်တိုုင်ပဲ အားလုံုးလုုပ်ပေးတယ်” ဟုု စမူပကန်ခရိုုင်၊ဘန်ဖီနယ်ထဲက စက်ရုံုတစ်ရုံုမှာ အလုုပ်လုုပ်နေတဲ့ ကိုုကိုုနိုုင်က ပြောသည်။ အဆိုပါ CI စာအုုပ်ထုုတ်ယူဖိုု့အတွက် လူတစ်ဦးလျှင် ပွဲစားခ  ဘတ် ၆၅၀၀ ပေးရကြောင်း သူက ဆက်ပြောသည်။

လက်ရှိတွင် မြန်မာရွေ့ပြောင်းလုုပ်သားအများစုုသည် ကိုုယ်တိုုင် CI လာရောက်လျောက်ထားသူ နည်းပါးပြီး အများစုုက ပွဲစားများကိုပဲ အားကိုုးနေရကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

“ သူဌေးကုုိယ်တိုုင် CI စာအုုပ် လိုုက်လုုပ်ပေးတဲ့အတွက် အခက်အခဲမရှိပါဘူး”ဟုု ဘန်ကောက်မြို့တွင် အလုပ် လုပ်ကိုင်သော မကေသီထွန်းက ပြောသည်။

ထိုုင်းနိုုင်ငံရောက် မြန်မာရွေ့ပြောင်းအလုုပ်သမားများကိုု ထိုုင်း- မြန်မာ နှစ်နိုုင်ငံအစိုုးရ ညှိနိုုင်းပြီး နိုုင်ငံသား စီစစ်ခြင်းလုုပ်ငန်း CI စာအုုပ်ထုုတ်ပေးခြင်းကိုု ၂၀၁၇ ခုုနှစ်က စတင်လုုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ယနေ့အချိန်ထိ CI စာအုုပ် ၁၁သိန်းခန့် ထုုတ်ပေးခဲ့ပြီးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly