မျိုးစေ့ထုတ်စိုက်ပျိုးသည့်တောင်သူများအား အရည်အသွေးကောင်း စပါးမျိုးစေ့များ ထောက်ပ့ံ

မျိုးစေ့ထုတ်စိုက်ပျိုးသည့်တောင်သူများအား အရည်အသွေးကောင်း စပါးမျိုးစေ့များ ထောက်ပ့ံ

မကွေး၊ ဇွန် ၂၁ ။           ။ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွင် မိုးစပါး (ဧရာမင်း)စပါးမျိုး မျိုးစေ့ထုတ် စိုက်ပျိုးမည့် တောင်သူများ အား ဇွန်လ၂၁ ရက်နေ့က စလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မျို းစေ့များ ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သိရသည်။

 (၂၀၁၈-၂၀၁၉) မိုးစပါးစိုက်ပျိုးရာသီ စလင်းမြို့နယ်တွင် ( ဧရာမင်း)စပါးမျို း မျိုးစေ့ထုတ်စိုက်ပျိုးမည့် တောစိမ့် ကျေးရွာအုပ်စုနှင့်ရှမ်းစုကျေးရွာအုပ်စုများမှ တောင်သူ (၂၃)ဦး စပါးဧက (၁၀၀)စိုက်ပျိုးမည့်တောင်သူများ အတွက် (ဧရာမင်း)စပါးမျိုးစေ့တင်း (၁၀၀ )ထောက်ပ့ံ ပေးခဲ့ကြောင်း စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်လင်းက ပြောသည်။

“ (ဧရာမင်း) မျိုးစေ့ထုတ်တွေ ထုတ်ပြီး တောင်သူတွေဆီကို မျိုးစေ့ပြန်ဖြန့်မှာပါ ၊ဖြစ်ထွန်းလာတဲ့စပါးကိုလည်း ကျွန်တော်တို့ ဌာနက တောင်သူတွေဆီကနေ ပြန်ဝယ်မှာပါ ၊(ဧရာမင်း)စပါးမျိုးက ထွက်နှုန်းကောင်းမျိုး မဟုတ်ပါဘူး။ အရည်အသွေးကောင်းမျိုးပါ ။ ဒီစပါးမျိုးတွေ တောင်သူတိုင်း ဝယ်မရဖြစ်နေတဲ့အတွက် မျိုးစေ့ထုတ်စိုက်ပျိုးမယ့် တောင်သူတွေကို စိုက်ပျိုးဖို့ရန်အတွက် မျိုးစေ့တွေ ထောက်ပ့ံတာပါ” ဟု ဦးမြင့်လင်းကပြောသည်။

အဆိုပါ(ဧရာမင်းစပါး)မျိုးစေ့များကိုစလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးမြင့်လင်းက ကျေးရွာတာဝန်ခံ တောင်သူများအား လွှဲပြောင်းပေးအပ်ခဲ့သည်။

"(ဧရာမင်း)စပါးကတစ်ဧက စပါးတင်း(၈၀ရဲ့၁၀၀)အထိထွက်နိုင်ပါတယ် မျိုးစေ့ထုတ်စိုက်ပျိုးတဲ့စိုက်ခင်းတွေက်ို စိုက်ပျိုးထားတဲ့ တောင်သူတွေနဲ့စိုက်ပျိုးရေးဌာနတို့ ပူးပေါင်းပြီး ရိမ်သိမ်းတဲ့အချိန်ထိပူးပေါင်းဆောင်ရွက် သွားမှာပါ” ဟု ဦးမြင့်လင်းကပြောသည်။

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် KOREA PRIGRAM ON INTERNATIONAL AGRICULTUREကိုရီးယားအပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်ရေး အစီအမံတို့မှ စပါးမျိုးစေ့များ ထောက်ပံ့ရေး ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

“ အရည်အသွေးကောင်း (ဧရာမင်း)စပါးမျိုး မျိုးစေ့ထုတ်တွေ အပြင်မှာ ဝယ်မရဖြစ်နေချိန်မှာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ထောက်ပံပေးတဲ့အတွက် ကျွန်တော်တို့ တောင်သူတွေ အခုစိုက်ပျိုးနိင်ပါပြီ၊ ဖြစ်ထွန်းလာတဲ့ စပါးကို ပြန်ဝယ်ပေးမယ်လို့လည်း သိရတဲ့အတွက် အောင်မြင်အောင် စိုက်ပျိုးသွားပါမယ်” ဟု တောစိမ့်ကျေးရွာတောင်သူ တစ်ဦးကပြောသည်။

အဆိုပါ(ဧရာမင်း) မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့များ ထောက်ပ့ံပေးအပ်ပွဲတွင် စလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးမှူးဦးမြင့်လင်းနှင့်စိုက်ပျိုးရေးဝန်ထမ်းများ တောင်သူများတက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly