အိုင်ဗရီကို့စ် ရေကြီးမှု လူ ၁၈ ဦး သေဆုံး

အိုင်ဗရီကို့စ် ရေကြီးမှု လူ ၁၈ ဦး သေဆုံး

ဇွန် ၂၁ ။             ။ အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် အိုင်ဗရီကို့စ်နိုင်ငံ၏ စီးပွားရေးမြို့တော် Abidjan တွင် ပြီးခဲ့သည့် ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၁၈ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၈၊ ၁၉ ရက်များက ဆက်တိုက် မိုးကြီးပြီးနောက် ရုတ်တရက် ရေလွှမ်းမိုးမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကယ်ဆယ်ရေးအဖွဲ့များက လူ ၁၃၆ ဦးကို ကယ်ဆယ်ပေးခဲ့ရကြောင်း၊ နှစ်ဦးကို ဆေးရုံသို့ တင်ပို့ပေးထားရကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။

ဆက်လက်၍ ရေကြီးစဉ်အတွင်း အခြားပျောက်ဆုံးနေသူများ ရှိမရှိ ဆက်လက်ရှာဖွေမှုများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

အဆိုပါ ရေဘေးသင့်မြို့တစ်ခွင် အရေးပေါ် ဆေးဝါးကုသမှု စင်တာများကိုလည်း ဖွင့်လှစ်ပေးထားသည်။

လူဦးရေ ငါးသန်းမျှ ရှိသည့် အဆိုပါ Abidjan မြို့တွင် အခြေခံအဆောက်အအုံ ဆိုင်ရာ ပြဿနာများ ရှိနေပြီး မြို့တွင်း နေအိမ်အများစုမှာလည်း ရေလွှမ်းမိုးခံရနိုင်ခြေများသည့် ဧရိယာများတွင် တည်ဆောက်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required