Lip cancer (နှုတ်ခမ်းကင်ဆာ) ကဘာလဲ

Lip cancer (နှုတ်ခမ်းကင်ဆာ) ကဘာလဲ

ရေးသားသူ Dr.Nyan Linn
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်
Lip cancer (နှုတ်ခမ်းကင်ဆာ) ကဘာလဲ။

နှုတ်ခမ်းကင်ဆာဆိုသည်မှာ ပုံမှန်မဟုတ်သော ဆဲလ်များသည် ထိန်းချုပ်၍မရနိုင်အောင် ကြီးထွားလာကာ နှုတ်ခမ်းတွင် အသားလုံးများ(သို ့)အနာများဖြစ်ပွားခြင်းကိုဆိုလိုသည်။ နှုတ်ခမ်းကင်ဆာနှင့် အခြားသောခံတွင်းကင်ဆာများသည် ဦးခေါင်းနှင့် လည်ပင်းကင်ဆာအမျိုးအစားများဖြစ်သည်။စောစီးစွာ သိရှိပါက နှုတ်ခမ်းကင်ဆာကို ပျောက်အောင်ကောင်းစွာ ကုသနိုင်သည်။

Lip cancer (နှုတ်ခမ်းကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

နှုတ်ခမ်းကင်ဆာသည် ခံတွင်းကင်ဆာများထဲတွင် အဖြစ်များဆုံးသောကင်ဆာဖြစ်သည်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ
Lip cancer (နှုတ်ခမ်းကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

နှုတ်ခမ်းကင်ဆာ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  •     ခံတွင်းရှိ ပျောက်မသွားသော အနာ၊အဖု၊ရည်ကြည်ပု၊(သို ့) အသားလုံး
  •     နှုတ်ခမ်းပေါ်ရှိ အနီ(သို ့) အဖြူရောင် အကွက်
  •     နှုတ်ခမ်းပေါ်တွင်သွေးထွက်နေခြင်း(သို ့)နာကျင်ခြင်း
  •     မေးရိုးရောင်ရမ်းခြင်း

နှုတ်ခမ်းကင်ဆာသည် မည်သည့်လက္ခဏာမှမပြတတ်ပဲ ပုံမှန်သွားအားကိုင်တွယ်စစ်ဆေးရာတွင်သာ တခါတရံ တွေ ့ရှိသတိထားမိတတ်သည်။သင့်နှုတ်ခမ်းပေါ်တွင် အနာ(သို ့)အကျိတ်လုံးရှိသော်လည်း သင့် တွင် နှုတ်ခမ်းကင်ဆာဖြစ်နေသည်ဟုမဆိုလိုပါ။သင့်၏ရောဂါလက္ခဏာ

များကိုသင့်ဆရာဝန်(သို ့)သွားဆရာဝန်နှင့် ပြသဆွေးနွှေးပါ။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါ၀င်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သွားနှင့် ဦးနှောက်၊မျက်နှာ အမျိုးသားသုတေသန တက္ကသိုလ်တခုအရ ခံတွင်းကင်ဆာအများစုသည် ဆေးလိပ်နှင့် အရက်အလွန်အကျွံသောက်ခြင်းတို ့ဖြင့်ဆက်စပ်မှုရှိသည်ဟု

ဆိုသည်။ နေရောင်ဖြင့်ထိတွေ ့မှုရှိခြင်းသည် အဓိကဖြစ်နိုင်ချေရှိသောအရာဖြစ်ပြီး အထူးသဖြင့် အပြင်တွင်အလုပ်လုပ်သောသူများသည် နေရောင်ဖြင့်ကြာရှည်စွာ ထိတွေ ့မှုရှိသောကြောင့် နှုတ်ခမ်းကင်ဆာပိုမိုဖြစ်ပွားနိုင်သည်။

အကြောင်းရင်းများ
Lip cancer (နှုတ်ခမ်းကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

နှုတ်ခမ်းကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  •     ဆေးလိပ်သောက်ခြင်း(သို ့)ဖက်ကြမ်းပစ္စည်းများသောက်သုံးခြင်း
  •     အရက်အလွန်အကျွံသောက်ခြင်း
  •     အသားညိုစေသော အိပ်ယာများအပါအဝင် ဖန်တီးပြုလုပ်ထားသော(သို ့)သဘာဝနေရောင်ဖြင့်ကြာ

ရှည်စွာ ထိတွေ ့ခြင်း

  •     အသားဖြူခြင်း(သို ့)အသားရောင်ဖျော့တော့တော့ရှိခြင်း
  •     အမျိုးသားဖြစ်ခြင်း
  •     လိင်မှတဆင့် ကူးစက်သည့် သားအိမ်ခေါင်းကင်ဆာပိုးရှိခြင်း
  •     အသက် 40ကျော်နေခြင်း စသည်ဖြင့်ဖြစ်သည်။

ခံတွင်းကင်ဆာအများစုသည် ဆေးလိပ်သောက်ခြင်းနှင့် ပတ်သတ်သည်။အရက်ရောဆေးလိပ်ပါသုံးစွဲသူများတွင် ဆေးလိပ်(သို ့)အရက်တခုတည်းသုံးစွဲသူများထက် ဖြစ်ပွားနိုင်ချေသည်ပိုများသည်။
ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Lip cancer (နှုတ်ခမ်းကင်ဆာ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

နှုတ်ခမ်းကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  •     ဆေးလိပ်သောက်ခြင်း(သို ့)ဖက်ကြမ်းပစ္စည်းများသောက်သုံးခြင်း
  •     အရက်အလွန်အကျွံသောက်ခြင်း
  •     အသားညိုစေသော အိပ်ယာများအပါအဝင် ဖန်တီးပြုလုပ်ထားသော(သို ့)သဘာဝနေရောင်ဖြင့်ကြာ

ရှည်စွာ ထိတွေ ့ခြင်း

  •     အသားဖြူခြင်း(သို ့)အသားရောင်ဖျော့တော့တော့ရှိခြင်း
  •     အမျိုးသားဖြစ်ခြင်း
  •     လိင်မှတဆင့် ကူးစက်သည့် သားအိမ်ခေါင်းကင်ဆာပိုးရှိခြင်း
  •     အသက် 40ကျော်နေခြင်း စသည်ဖြင့်ဖြစ်သည်။

ခံတွင်းကင်ဆာအများစုသည် ဆေးလိပ်သောက်ခြင်းနှင့် ပတ်သတ်သည်။အရက်ရောဆေးလိပ်ပါသုံးစွဲသူများတွင် ဆေးလိပ်(သို ့)အရက်တခုတည်းသုံးစွဲသူများထက် ဖြစ်ပွားနိုင်ချေသည်ပိုများသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Lip cancer (နှုတ်ခမ်းကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

အကယ်၍သင့်တွင် နှုတ်ခမ်းကင်ဆာ၏လက္ခဏာများရှိပါက သင့်ဆရာဝန်ကို ပြသသင့်ပါသည်။ဆရာဝန်သည် သင့်နှုတ်ခမ်းနှင့် ပါးစပ်ရှိ အစိတ်အပိုင်းများအားထိတွေ ့ကိုင်တွယ်စမ်းသပ်မှုများ

ပြုလုပ်ကာ ပုံမှန်မဟုတ်သော နေရာများနှင့် ဖြစ်ပွားနိုင်ချေရှိသောအကြောင်းများကို ရှာဖွေရန်ကြိုးစားတတ်သည်။သင့်ဆရာဝန်သည် လက်အိတ်စွပ်ထားသော လက်ညှိုးကိုသုံးကာ သင့်နှုတ်ခမ်းများကို စမ်းသပ်ပြီးမှန်အချို ့နှင့် အလင်းရောင်များကို သုံးကာသင့်ခံတွင်း အတွင်းပိုင်းကိုစမ်းသပ်တတ်သည်။သင့် လည်ပင်းတွင် ပြန်ရည်ကြောအိမ်များရောင်နေခြင်းရှိမရှိကိုလည်း စစ်ဆေးတတ်သည်။သင့်ဆရာဝန်သည် သင်၏

  •     ကျန်းမာရေးရာဇဝင်
  •     ဆေးလိပ်နှင့် အရက်သောက်ခြင်း ရာဇဝင်
  •     ဖြစ်ပွားခဲ့ဖူးသော ရောဂါများ
  •     အထွေထွေရောဂါများနှင့် သွားဘက်ဆိုင်ရာ ကုသမှုများ
  •     ရောဂါမျိုးရိုးရှိမရှိ

သင်သောက်သုံးနေသော ဆေးများ အကြောင်းကိုလည်း မေးမြန်းတတ်သည်။အကယ်၍ နှုတ်ခမ်းကင်ဆာအား သံသယရှိပါက အသားစနမူနာယူ၍ စစ်ဆေးခြင်းဖြင့် ရောဂါအားရှာဖွေ အတည်ပြုနိုင်ပါသည်။စစ်ဆေးစဉ်တွင် ပုံမှန်မဟုတ်သောနေရာမှနမူနာအသားစငယ်ကို ယူဆောင်ကာ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းရှိ မိုက်ခရိုစကုပ်အောက်တွင် စစ်ဆေးတတ်သည်။အကယ်၍သင့်ဆရာဝန်မှ သင့်တွင် နှုတ်ခမ်းကင်ဆာဖြစ်နေသည် ဟုအတည်ပြုပါက ထိုကင်ဆာသည်မည်မျှှ တိုးတက်ပြန် ့နှံ ့သွားခြင်း(သို ့)အခြား ကိုယ်အစိတ်အပိုင်းများသို ့ပြန် ့သွားခြင်းရှိမရှိကိုလည်း ပြုလုပ်ရတတ်သည်။ ထိုစစ်ဆေးမှုများမှာ

ကွန်ပျူတာဓာတ်မှန်

သံလိုက်ဓာတ်မှန်

  •     Positron emission tomography (pet) scan
  •     ရင်ဘတ်ဓာတ်မှန်
  •     သွေးဆဲလ်ပမာဏအပြည့်အစုံ
  •     ကိုယ်တွင်းသို ့မှန်ပြောင်းကြည့်ခြင်း (ပါးလွှာသောကိရိယာတခုအား လှီးရာတခုမှ ထိုးထည့်ကာ အထွေထွေရောဂါကုဆရာဝန်သည် ကိုယ်အတွင်းသို ့ကြည့်ရှူခြင်း)

Lip cancer (နှုတ်ခမ်းကင်ဆာ) ကို ဘယ််လိုကုသပါသလဲ

ခွဲစိတ်ကုသခြင်း၊ဓာတ်ရောင်ခြည်ကုသခြင်း၊နှင့် ကင်ဆာအကြောဆေးသွင်းခြင်းတို ့သည် နှုတ်ခမ်းကင်ဆာအတွက် လုပ်ဆောင်ပေးနိုင်သည့် အချို ့သောကုသမှုများဖြစ်သည်။ အခြားသော ဖြစ်နိုင်ချေရှိသည့် ကုသမှုများနှင့် ရောဂါအားစစ်ဆေးအတည်ပြုနိုင်သော ကုသမှုများမှာ ခုခံအားကိုပြုပြင်သောကုသမှုနှင့် ဗီဇအားပြုပြင်သည့် ကုသမှုများပင်ဖြစ်သည်။ အခြားသော ကင်ဆာများကဲ့သို ့ပင် နှုတ်ခမ်းကင်ဆာ ကုသမှုသည် ဖြစ်ပွားမှုအဆင့်၊ရောဂါ၏ တိုးတက်ပြန် ့ပွားနေမှုပမာဏနှင့် သင်၏ကျန်းမာရေးအခြေအနေပေါ်တွင် မူတည်သည်။ အကယ်၍အသားလုံးသည် သေးငယ်ပါက သာမာန်ခွဲစိတ်မှုဖြင့် ဖြတ်ထုတ်နိုင်သည်။ ကင်ဆာဖြစ်နေသော တစ်ရှူးအားလုံးကို ဖြတ်ထုတ်ရပြီး ထိုခွဲစိတ်မှုတွင် နှုတ်ခမ်းအားပြန်လည်ပြုပြင်တည်ဆောက်ကုသမှုများလည်း ပါ၀င်သည်။ အကယ်၍ အသားလုံးသည် ကြီးမားနေပါက(သို ့)ဖြစ်ပွားမှုအဆင့့်မြင့်နေပါက ခွဲစိတ်မကုသခင်(သို ့) ခွဲစိတ်အပြီးတွင် ဓာတ်ရောင်ခြည်ကုသမှုနှင့် ကင်ဆာအကြောဆေးသွင်းခြင်းသည် အသားလုံးအား ကျံု  ့သွားစေပြီး ပြန်လည်ဖြစ်ပွားနိုင်ချေကို လျော ့ကျစေသည်။

ကင်ဆာအကြောဆေးသွင်းကာကုသမှုများသည် ကင်ဆာဆေးများကို တစ်ကိုယ်လုံးအနှံ ့ပြန် ့သွားစေပြီး ကင်ဆာ ပျံ ့နှံ ့သွားနိုင်ချေကို လည်း လျော့ကျစေသည်။ဆေးလိပ်သောက်သူများတွင် မကုသခင် ဆေးလိပ်ဖြတ်ခြင်းသည် လည်း ကုသမှုအကျိုးရလဒ်များကို တိုးတက်ကောင်းမွန်စေသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နှုတ်ခမ်းကင်ဆာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် နှုတ်ခမ်းကင်ဆာ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

မည်သည့်ဆေးလိပ်အမျိုးအစားကို မဆို ရှောင်ကြဉ်ခြင်း၊အရက်အလွန်အကျွံမသောက်ခြင်း၊သဘာဝ(သို ့)

ဖန်တီးထားသောနေရောင်အားထိတွေ ့မှုကိုလျှော့ချထိန်းချုပ်ခြင်း အထူးသဖြင့် အသားညိုစေသည့် အိပ်ယာများအသုံးပြုခြင်းတို ့ကိုရှောင်ကြဉ်ခြင်းဖြင့်လည်း

နှုတ်ခမ်းကင်ဆာဖြစ်ပွားမှုကို ကာကွယ်နိုင်သည်။ နှုတ်ခမ်းကင်ဆာအများစုကို ပထမဦးစွာ သိရှိအတည်ပြုကြသူများမှာ သွားဆရာဝန်များဖြစ်သောကြောင့် အထူးသဖြင့် သင့်တွင် နှုတ်ခမ်းကင်ဆာဖြစ်နိုင်ချေများနေပါက လိုင်စင်ရသွားဆရာဝန်နှင့်ပုံမှန်သွားစစ်ဆေးပြသခြင်းများပြုလုပ် ထားရန်လည်းအရေးကြီးလှသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly