အမရပူရ မြို့ပြစီမံကိန်းကြီး၌ သဲလုပ်ငန်းလုပ်ကိုင်သော မုဒြာကုမ္ပဏီအား အသေးစားလုပ်ငန်းရှင်များက တရားစွဲမည်

အမရပူရ မြို့ပြစီမံကိန်းကြီး၌ သဲလုပ်ငန်းလုပ်ကိုင်သော မုဒြာကုမ္ပဏီအား အသေးစားလုပ်ငန်းရှင်များက တရားစွဲမည်

မန္တလေးမြို့ရှိ အမရပူရ မြို့ပြစီမံကိန်းကြီးတွင် သဲလုပ်ငန်းများနှင့် ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် မုဒြာကုမ္ပဏီအား အကျိုးတူပူးပေါင်းလုပ်ခဲ့သည့် အသေးစားလုပ်ငန်းရှင်များက ငွေကြေး မသမာမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုကာ တရားစွဲဆိုသွားမည်ဟု သိရသည်။

အဆိုပါ လုပ်ငန်းရှင်များက ဇွန်လ (၂၀ )ရက်နေ့နေ့လည် ( ၁၁ ) နာရီအချိန်၌ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်( ၁ )ရပ်ကွက်ရှိ တော်စိန်စားသောက်ဆိုင်တွင် စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

" ကျွန်တော်တို့ဆိုရင်လည်း ၂၀၁၇ ဒီ ဇင်ဘာလ ကတည်းက ဒီမုဒြာကုမ္ပဏီ နဲ့ လုပ်ငန်းအတူ လုပ်ခဲ့တာပါ။ အဲဒီလုပ်ငန်းထဲမှာပဲ စက်ယန္တရားတွေဝယ်ပြီး လုပ်ကိုင်ခဲ့တယ်။ အလုပ်ကိုသာ လုပ်နေပေမယ့် ရရှိမဲ့ငွေကြေးက ဘာမှ ရမလာဘူး။ ကြာတော့ လုပ်ငန်းလည်းထိခိုက်လာသလို စီးပွားရေးတွေမှာလည်း အခက်အခဲေတွေ ဖြစ်လာခဲ့တယ်။ သူတို့ဆီကလည်း အကြိမ်ကြိမ်သွားပြီး တွေ့ဆုံပါတယ်။ သူတို့ကတော့ပေးပါမယ် ဆိုတဲ့စကားတွေပဲ ပြောနေပေမယ့် ဒီနေ့အထိ မရရှိခဲ့သေးပါဘူး" ဟု စက်ယန္တရားများလုပ်ကိုင်ခဲ့သည့် ကိုအောင်မွန် ကပြောသည်။

လုပ်ငန်းတူ ဆောင်ရွက်ခဲ့သည့် မုဒြာ ကုမ္ပဏီ အနေဖြင့်လည်းငွေကြေးနှင့် ပတ်သက်ပြီး ပေးစရာ
ရှိတာကို အမြန်ဆုံးဆောင်ရွက်ပေးစေလိုပြီး၊ အလားတူပင် ဒေါ်လာစက်သုံးဆီ ဆိုင်ကိုလည်း ဆီဖိုးငွေ ကြေ း မျ ား ပေးရန် ရှိနေသေးကြောင်းနှင့် အခြားတစ်နေရာမှလာပြီး မန္တလေး မြို့ပေါ်မှ လုပ်ငန်းရှင်အများစု အပေါ် ယခုလို ပြုလုပ်ခဲ့သည့် အတွက် မန္တလေးမြို့ပေါ်တွင် ရှိသော အခြားလုပ်ငန်းရှင်များ အနေ ဖြင့်လည်း သတိထားနိုင်ရန် အတွက် ယခုလို စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ရ ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

အဆိုပါ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် လည်း နှစ်ဘက် သဘောတူစာချုပ်များ ချုပ်ဆိုထား ရှိသည့်အတွက် ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ် ကြောင်း၎င်း က ဆက်လက်ပြောကြားသည်။

" ကျွန်မတို့ အနေနဲ့ က ဒီ မုဒြာ ကုမ္ပ ဏီ နဲ့ လုပ်ငန်း စတင်လုပ်ကိုင်ခဲ့တာက ၂၀၁၇ ခုနှစ် ( ၁၂ ) လပိုင်း လောက်ကစတင်ပြီး လုပ်ကိုင်ခဲ့တာပါ။ သူတို့ သဲလုပ်ငန်းလည်ပတ် လုပ်ကိုင်နိုင်အောင် ကျွန်မတို့ဆီကနေ ဒီဇယ်တွေ အကြွေး ဝယ်ယူပါတယ်။ အဲဒီလုပ်ငန်းထဲ မှာလည်း လုပ်ငန်းသုံးကားတွေလည်း ထည့် ထားပါတယ်။ ဒီလို လုပ်ငန်း တွေ အတူ တူ လုပ်နေရင်းနဲ့ ကျွန်မတို့ ရသင့်ရထိုက်တဲ့ ငွေတွေမပေးပါဘူး။ ဒီအတွက် အများကြီး ကို နစ်နာဆုံးရှံုး ရပါတယ်။ ကျွန်မ တစ်ယောက်တည်း အတွက်ဆိုရင်တောင် သူတို့ဆီက နေ သိန်း ပေါင်း ( ၁၃၀၀ ) လောက် ရ စရာ ရှိပါတယ်" ဟု ဒေါ်ကျင် စိန်က ပြောသည်။

လက်ရှိ အနေဖြင့် မုဒြာကုမ္ပဏီမှရရှိမည့် အသေးစားလုပ်ငန်း ရှင်မျ ားအနေဖြင့်( ၅ )ဦး ထက် မနည်း ရှိခဲ့ပြီးငွေကြေးပမာဏအရစုစု ပေါင်းကျပ်သိန်းပေါင်း ( နှစ်ထောင်ကျပ် ) ဝန်း ကျင်အထိ ရှိခဲ့သည့်အတွက် လုပ်ငန်းရှင်မျ ား အားလုံုးပူးပေါင်းပြီး အဆိုပါ မုဒြာကုမ္ပဏီအား တစ်ပတ်အတွင်း ဥပဒေကြောင်း အရအရေးယူ ဆောင်ရွက်သွာမည် ဖြစ်ကြောင်း စာနယ်ဇင်းရှင်း လင်းပွဲတွင်လုပ်ငန်းရှင်များက ပြောခဲ့ကြသည်။

အဆိုပါ မုဒြာကုမ္ပဏီအား မဇ္ဈိမမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly