အစ္စရေး တိုက်လေယာဉ်များ ဂါဇာကမ်းမြောင်က ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်

အစ္စရေး တိုက်လေယာဉ်များ ဂါဇာကမ်းမြောင်က ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်

ဂျေရုဆလင်၊ ဇွန် ၂၀ ။             ။ ပါလက်စတိုင်း ပိုင်နက်နယ်မြေဖက်က ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်းကို လက်တုံ့ပြန်ကာ ဇွန် ၂၀ ရက် နံနက်ပိုင်းတွင် ဂါဇာကမ်းမြောင်က ပစ်မှတ် ၂၅ ခုကို အစ္စရေးတိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း စစ်တပ်က ပြောသည်။

ပြီးခဲ့သည့်ညက ဂါဇာမှ ဒုံးကျည်ပေါင်း ၄၅ စင်းခန့် အစ္စရေးဖက်ကို လှမ်းပစ်ခဲ့ရာ ခုနစ်စင်းကို Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်က ဖျက်ချခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်သည်။

အစ္စလာမ္မစ်လှုပ်ရှားမှု ဟားမတ်စ်အဖွဲ့ပိုင် စစ်ရေးပစ်မှတ်များအား အစ္စရေးလေယာဉ်များက သုံးကြိမ်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဂါဇာတွင် မတ်လ ၃၀ ရက်မှစတင်ပြီး ဆန္ဒပြပွဲကြီးများ ပေါ်ပေါက်ကာ ထိပ်တိုက်တွေ့မှုများ ဖြစ်ပေါ်နေခဲ့ရာ အစ္စရေးဖက်က အသေအပျောက် မရှိဘဲ ပါလက်စတိုင်း ၁၃၂ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း တင်းမာမှုများ မြင့်တက်နေခဲ့သည်။

၁၉၄၈ ခုနှစ်အတွင်း အစ္စရေးနိုင်ငံ တည်ထောင်ခြင်းကာလအတွင်း လက်လွှတ်ကာ ထွက်ပြေးခဲ့ရသည့် ပါလက်စတိုင်းတို့က ၎င်းတို့၏ နေရပ်သို့ ပြန်လာနိုင်ခွင့်ကို တောင်းဆိုလျက် ရှိနေသည်။

ဂါဇာအား ထိန်းချုပ်ထားသည်မှာ အစ္စရေးဖက်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော ဟားမတ်စ်တို့က ထိန်းချုပ်ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly