လူဝင်မှုကြီးကြပ်ရေး ပြဿနာတွင် မာကဲလ်အား မက်ခရွန် ကူညီထောက်ခံ

လူဝင်မှုကြီးကြပ်ရေး ပြဿနာတွင် မာကဲလ်အား မက်ခရွန် ကူညီထောက်ခံ

 

ဘာလင်၊ ဇွန် ၂၀ ။                ။ လူဝင်မှုကြီးကြပ်ရေးပြဿနာများကြောင့် သဘောထားကွဲလွဲကာ ပြည်တွင်းဖိအားများနှင့် ရင်ဆိုင်နေရသည့် အဓိကအီးယူမိတ်ဖက်ဖြစ်သော ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ဖက်က ပြင်သစ်သမ္မတ မက်ခရွန်က ကူညီထောက်ခံခဲ့သည်။

အီးယူနိုင်ငံများအနေဖြင့် ၎င်းတို့၏ နယ်စပ်ရှိ အခြားအဖွဲ့ဝင်နိုင်ငံတွင် မှတ်ပုံတင်ထားပြီးသား နိုင်ငံရေးခိုလှုံခွင့် ကြိုးစားသူများကို ငြင်းပယ်နိုင်ခွင့်ရှိရမည်ဟု ပြင်သစ်နှင့် ဂျာမနီတို့ သဘောတူလိုက်ပြီဖြစ်ကြောင်း ဇွန် ၁၉ ရက်တွင် မက်ခရွန်က ပြောသည်။

“နိုင်ငံတစ်နိုင်ငံမှာ မှတ်ပုံတင်ထားပြီးသူ နိုင်ငံရေးခိုလှုံခွင့်ကြိုးစားလာသူတွေါကို ပြင်သစ်နဲ့ ဂျာမနီအနေနဲ့ အဲဒီနိုင်ငံဆီ ပြန်ပို့မယ်ဆိုတာကို သဘောတူထားခဲ့ပါပြီ။”ဟု မက်ခရွန်က ဆိုသည်။

ဂျာမနီဝန်ကြီးချုပ် မာကဲလ်အနေဖြင့် နိုင်ငံရေးခိုလှုံခွင့် ကြိုးစားသူများကို လက်ခံရေး အီတလီနှင့် ဂရိကဲ့သို့သော အီးယူနိုင်ငံများနှင့် သဘောတူထားခြင်းမှ အမြန်နုတ်ထွက်ရန် ပြည်တွင်းဖိအားများနှင့် ရင်ဆိုင်နေရသည်။

ထိုရွှေ့ပြောင်းဒုက္ခသည်များအရေးကြောင့် နိုင်ငံရေးအကျပ်အတည်းဆိုက်နေရကာ ၎င်း၏ အစိုးရ ပြုတ်ကျသွားနိုင်သည့်အထိ ဘေးများနေခြင်းလည်း ဖြစ်သည်။

၂၀၁၅ ခုနှစ်မှစတင်ပြီး ဂျာမနီနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် ကြိုးစားသူ တစ်သန်းကျော်ထက်မနည်းကို လက်ခံခဲ့ပြီးနောက် နိုင်ငံအတွင်း နိုင်ငံခြားသား မလိုလားသည့် အားကောင်းသော တုံ့ပြန်မှုများ ဖြစ်ပွားပေါ်ပေါက်လာခဲ့ပြီး မာကဲလ်အနေဖြင့်လည်း ၎င်း၏ နိုင်ရေးအနာဂတ်အတွက် ခုခံနေရခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required