၃ ဘာသာဂုဏ်​ထူးရှင်​အပါအဝင်​ အကျဉ်းသား ၁၉ ဦးအား အင်းစိန်အကျဉ်းထောင်တွင် ဂုဏ်ပြု

၃ ဘာသာဂုဏ်​ထူးရှင်​အပါအဝင်​ အကျဉ်းသား ၁၉ ဦးအား အင်းစိန်အကျဉ်းထောင်တွင် ဂုဏ်ပြု
ဓာတ်ပုံ-သူရ
 

ရန်ကုန်၊ ဇွန်လ ၁၉ ။             ။ မြန်မာနိုင်ငံ၏ အကြီးဆုံးအကျဉ်းထောင်ဖြစ်သည့် အင်းစိန်ဗဟို​အကျဉ်းထောင်အတွင်းမှ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဂုဏ်​ထူး ၃ ဘာသာဖြင်​့ ​အောင်​မြင်​သူ အပါအဝင်​အကျဉ်းသား ၁၉ ဦးအား ဂုဏ်ပြုချီးမြှင်​့ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ယ​နေ့ ဇွန်​လ ၁၉ ရက်​၊ ည​နေ ၃ နာရီခွဲ၊ အင်​းစိန်​ဗဟိုအကျဉ်​း​ထောင်​ရှိ မိုးလုံ​လေလုံအားကစားခန်​းမတွင်​ကျင်​းပ ပြုလုပ်​ခဲ့ခြင်​းဖြစ်​သည်​။

အင်းစိန်အကျဉ်းထောင်မှ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အကျဉ်​းသူ/ သား ၃၄ ဦး ဝင်​​ရောက်​​ဖြေဆိုခဲ့ရာ ဂုဏ်ထူး ၃ ဘာသာဖြင့် အောင်မြင်သူ ၁ ဦး၊ ဂုဏ်ထူး ၂ ဘာသာဖြင့် ၁ ဦး၊ ဂုဏ်ထူး ၁ ဘာသာ ၄ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၁၃ ဦး၊ စုစုပေါင်း ၁၉ ဦးထိ ​အောင်​မြင်​ခဲ့ခြင်​းဖြစ်​သည်​။

" ကျွန်​​တော်​တို့က မလွတ်​မချင်​း သူတို့ဒီထဲမှာ ရှိ​နေသ​ရွေ့ သူတို့တက်​ချင်​တဲ့ဘာသာရပ်​ကို ရ​အောင်​လုပ်​​ပေးမှာပါ။ ရန်​ကုန်​အ​နောက်​ပိုင်​းတက္ကသိုလ်​နဲ့ ချိတ်​ဆက်​​ပေးထားတယ်​။ တက္ကသိုလ်​ပညာ​ရပ်​ကိုလည်​း ဒီထဲမှာလာပြီး​တော့ စာစစ်​ဌာနက ဖွင်​့လှစ်​​ပေးထားတယ်​"ဟု အင်​းစိန်​ဗဟိုအကျဉ်​း​ထောင်​ တာဝန်​ခံအရာရှိ ဒုုတိယညွှန်​ကြား​ရေးမှူး ဦးမျိုးဦးက​ပြောသည်​။

ယ​နေ့ ဂုဏ်​ပြုချီးမြှင်​့ရာတွင်​ အကျဉ်​းသူ/သားများသာမက ​သင်​ကြား​ပေးခဲ့သည်​့ ဆရာ၊ ဆရာမများကိုပါ ဂုဏ်​ပြုချီးမြှင်​့ခဲ့ခြင်​းဖြစ်​သည်​။

ဂုဏ်​ထူး ၁ ဘာသာလျှင်​ ကျပ်​ ၁ သိန်​းနှုန်​း၊ ရိုးရိုး​အောင်​မြင်​သူ တစ်​ဦးလျှင်​ ကျပ်​ ၁ သိန်​းနှုန်​းဖြင်​့ ​​ကျောင်​းသား ၁၉ ဦးအား စုစု​ပေါင်​း ကျပ်​ ၂၈ သိန်​းချီးမြှင်​့ခဲ့သည်​။ အင်​းစိန်​အ​ခြေခံပညာ​ကျောင်​းမှ ​ကျောင်​းအုပ်​ကြီးအပါအဝင်​ ဆရာ၊ ဆရာမ ၃၁ ဦး၊ ပြင်​ပ ​စေတနာရှင်​ ဆရာ၊ ဆရာမ ၆ ဦးနှင်​့ အင်​းစိန်​ဗဟိုအကျဉ်​း​ထောင်​မှ ဆရာ၊ ဆရာမ ၁၃ ဦးအား တစ်​ဦးလျှင်​ ကျပ်​ ၁ သိန်​းနှုန်​းဖြင်​့ သက်​ဆိုင်​ရာအရာရှိများက ချီးမြှင်​့ခဲ့သည်​။

" ​တောင်​းဆိုခ​ျင်​တာဆိုရင်​​တော့ ကျွန်​​တော်​တို့ ဂုဏ်​ထူးထွက်​တဲ့သူ​တွေနဲ့ ​အောင်​တဲ့သူ​တွေအတွက်​ နိုင်​ငံ​တော်​သမ္မတကြီးကို တစ်​ခု​လောက်​​တောင်​းဆိုချင်​ပါတယ်​။ ကျွန်​​တော်​တို့​တွေ ဒီထက်​အဆင်​့မြင်​့တဲ့ပညာ​တွေကို ဆက်​လက်​ပြီး​တော့ သင်​ကြားလိုပါ​သေးတယ်​။ ဘွဲ့​တွေလည်​း ထပ်​ယူလိုပါ​သေးတယ်​။ ကျွန်​​တော်​တို့အမှန်​တိုင်​း ဆိုရင်​ အမှား​တွေ သိပြီး​တော့ အမှန်​​တွေလည်​း ပြင်​​နေကြပါပြီ။ ကျွန်​​တော်​တို့အခုဆိုရင်​ ကျွန်​​တော်​တို့​ကျောင်​း အုပ်​ဆရာကြီးက ၂ဝ၁၂ ခုနှစ်​က​နေပြီး​တော့ ဒီ​နေ့ထိ​ပေါ့​နော်​ ။ ပညာသင်​ကြားဆုံးမ​ပေးခဲ့တာ။ ကျွ​န်​​တော်​တို့ ဆရာ ​ကျောင်​းအုပ်​ဆရာကြီးနဲ့ ဒီနှစ်​​အောင်​မြင်​တဲ့သူ​တွေ​ရော၊ ဂုဏ်​ထူးထွက်​တဲ့သူ​တွေ​အတွက်​ပါ အပြင်​မှာ ဒီထက်​အဆင်​့မြင်​့တဲ့ ပညာရပ်​​တွေကို သင်​ယူရ​စေဖို့အတွက်​ စဉ်​းစား​ပေး​စေလိုပါတယ်​။ အခွင့်အ​ရေး​တွေ ​ပေး​စေချင်​ပါတယ်​" ဟု အင်​းစိန်​ဗဟိုအကျဉ်​း​ထောင်​မှ ၃ ဘာသာဂုဏ်​ထူးဖြင်​့​အောင်​မြင်​ခဲ့သူ ​မောင်​ဉာဏ်​လင်​း​မောင်​က ​ပြောသည်​။ ​

မောင်​ဉာဏ်​လင်​း​မောင်​မှာ အသက်​ ၂၂ နှစ်​အရွယ်​ရှိပြီး တက္ကသိုလ်​ဝင်​တန်​းစာ​မေးပွဲအား ဓာတု​ဗေဒ၊ ရူပ​ဗေဒ၊ ​ဘောဂ​ဗေဒ ဘာသာရပ်​များတွင်​ ဂုဏ်​ထူးဖြင်​့​အောင်​မြင်​ခဲ့ကာ စုစု​ပေါင်​း ရမှတ်​ ၄၅၈ မှတ်​ဖြင့် ​အောင်​မြင်​ခဲ့ခြင်​း ဖြစ်​သည်​။ ​မောင်​ဉာဏ်​လင်​း​မောင်​မှာ ပြီးခဲ့သည်​့ ၂ဝ၁၄ ခုနှစ်​၊ ၁၁ လပိုင်း​က လုယက်​မှုဖြင်​့ ​ထောင်​ဒဏ်​ ၆ နှစ်​ထိ ပြစ်​ဒဏ်​ချမှတ်​ခံခဲ့ရသူလည်းြ​ဖစ်​သည်​။

လက်​ရှိ အင်​းစိန်​ဗဟိုအကျဉ်​း​ထောင်​မှ တက္ကသိုလ်​ဝင်​တန်​း​အောင်​မြင်​သူ ၁၉ ဦးအနက်​ ရ ဦးမှာ ပြီးခဲ့သည်​့ လပိုင်​းများက ပြန်​လည်​လွတ်​​မြောက်​သွားခဲ့ပြီးဖြစ်​ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် အကျဉ်းသား အများစုမှာ လုယက်မှု၊ ခိုးမှုနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုတို့ဖြင့် အကျဉ်းကျခံနေရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အကျဉ်းထောင်အသီးသီးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ အကျဉ်း သူ၊ အကျဉ်းသား ၄၇ ဦးထိ စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ခဲ့သည်ဟု မေလ ၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး ဌာန၊အကျဉ်းဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ခဲ့ရာတွင် အင်းစိန်၊ မန္တလေး၊ ဘားအံ၊ စစ်တွေ၊ မြိတ်၊ မြောင်းမြ၊ တောင်ငူနှင့် ရွှေဘို အကျဉ်း ထောင်များမှ အကျဉ်းသား ၉၆ ဦး၊ အကျဉ်းသူ ၈ ဦး၊ စုစုပေါင်း ၁ဝ၄ ဦးက ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြေဆိုခဲ့သူ ၁ဝ၄ ဦးရှိသည့်အနက် အကျဉ်းသား ၄၃ ဦးနှင့် အကျဉ်းသူ ၄ ဦး၊ စုစုပေါင်း ၄၇ ဦး အောင်မြင်ခဲ့ပြီး ၅၇ ဦး ကျရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သူများတွင် ဂုဏ်ထူးရရှိသူများလည်းပါဝင်ခဲ့ပြီး ၃ ဘာသာဂုဏ်ထူးရရှိသူ ၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရရှိသူ ၅ ဦး၊ ၁ ဘာသာဂုဏ်ထူးရရှိသူ ၁၈ ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ ၂၈ ဦးထိရှိပြီး ရိုးရိုး အောင်မြင်သူ ၁၉ ဦးရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required