ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ ဇွန် ၁၉ ။         ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ရ၃ နှစ်ပြည့်မွေးနေ့နဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်ရုံးချုပ်မှာပြုလုပ်ခဲ့ပါတယ်။

ဆွမ်းဆန်စိမ်းလောင်းလှူတာကို ဇွန်လ ၁၉ ရက်မနက် ၆နာရီမှာပြုလုပ်ခဲ့ပါတယ်။ အစီအစဉ်အရမွေးနေ့ပွဲကိုတော့ မနက် ၁၀ နာရီမှာပြုလုပ်ခဲ့ပြီး NLD ရဲ့နာယက ဦးတင်ဦးကိုယ်တိုင် တတ်ရောက်ခဲ့ပါတယ်။

 “ မွေးနေ့ရှင်ဟာအလုပ်များပြားနေတဲ့အတွက် နိုင်ငံတော်ရဲ့တာဝန်ထမ်းဆောင်နေတဲ့အတွက်မွေးနေ့ရှင်တော့ ဒီကိုမလာနိုင်ပါဘူး။ တိုင်း၊ ခရိုင် မြို့နယ်ပေါင်း မြောက်များစွာက အလှူရှင်များတတ်ရောက်ပြီး ပင့်ဖိတ်ထားတဲ့သံဃာတော်၊ သီလရှင်များကို ဆွမ်းဆန်စိမ်းလောင်းလှူပါတယ်။ သံဃာတော် ၃၀၀ နီးပါးကြွရောက်ပြီး သီလရှင်များကတော့ ၁၂၅ပါး အားလုံး အပါး ၄၀၀ နီးနီးလောက်ကို ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ပါတယ် “  ဟု NLD ပါတီဝင် တာမွေမြို့နယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးလှသိန်းကပြောသည်။
 
NLD ရုံးချုပ်အပြင် ရန်ကုန်မြို့လယ်ခေါင်မှာရှိနေတဲ့ မဟာဗန္ဓုလပန်းခြံမှာလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဂုဏ်ပြုပွဲကို   နိုင်ငံရေးအကျဉ်းသား ဟောင်းတွေက ဦးဆောင်ပြီးပြုလုပ်နေတာတွေ့ရပါတယ်။

ဒါ့အပြင်မှာ ရန်ကုန်မြို့ထဲက မြို့နယ်တော်တော်များများမှာလည်း မွေးနေ့အထိမ်းအမှတ်အဖြစ် စတုဒီတာကျွေးမွေးတာတွေကိုလည်း ပြုလုပ်နေတာ မြင်တွေ့ရပါတယ်။

“ မိုးရာသီမှာ တချို့တိုင်းနဲ့ ပြည်နယ်တွေမှာ ရေကြီးနေပေမယ့် ကျွန်တော်တို့ ဒီလိုပျော်နေရတာ တစ်ခါတလေကျအားတော့နာမိပါတယ်။ ဒါပေမယ့် ဒါဟာဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်တဲ့ လေးစားရတဲ့ခေါင်းဆောင်တစ်ယောက်မွေးနေ့မလို့ဂုဏ်ပြုကြတာဖြစ်တဲ့အတွက် ၀မ်းမြောက်ပါတယ်ခင်ဗျ “ ဟု တောင်ဥက္ကလာပမြို့နယ်မှ ကိုဇွဲသူရိန်အောင် ကပြောပါတယ်။

ဒီမွေးနေ့ပွဲကို ရန်ကုန်တိုင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့့ချုပ်ပါတီဝင်တွေ တတ်ရောက်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ်ပိုက်ဆံစိုက်ထုတ်ပြီး ပြုလုပ်တာဖြစ် တယ်လို့လည်းသိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly