မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်း တရုတ်သို့ ရောက်ရှိ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်း တရုတ်သို့ ရောက်ရှိ

 

ဇွန် ၁၉ ။                        ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းသည် ဇွန်လ ၁၉ ရက်က တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

၎င်း၏ အဆိုပါ နှစ်ရက်တာ တရုတ်ခရီးစဉ်အတွင်း ကင်မ်အနေဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီး အမေရိကန်-မြောက်ကိုရီးယား သမိုင်းဝင် တွေ့ဆုံပွဲ ရလဒ်များနှင့်စပ်လျင်း၍ ပြောဆိုဆွေးနွေးကြမည် ဖြစ်သည်။

ယခု တစ်ကြိမ်ခရီးစဉ်သည် ကင်မ်အတွက် မတ်လ နောက်ပိုင်း တရုတ်သို့ သုံးကြိမ်မြောက် ရောက်ရှိလာခြင်းလည်း ဖြစ်သည်။

ကင်မ် အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် စင်ကာပူတွင် သမိုင်းဝင်တွေ့ဆုံခဲ့ပြီးနောက် ယခုအပတ်တွင် တရုတ်သို့ ဆိုက်ရောက်လာခဲ့ခြင်းလည်း ဖြစ်သည်။

တရုတ်အနေဖြင့်ကလည်း လက်ရှိအချိန်တွင် အမေရိကန်နှင့် မြောက်ကိုရီးယားအကြား စေ့စပ်ညှိနှိုင်းသူအဖြစ် ပေါ်လွင်နေစေရေး ကြိုးပမ်းနေလျက်ရှိသည်။

ယင်းကဲ့သို့ မြောက်ကိုရီးယားခေါင်းဆောင် တရုတ်သို့ ရောက်ရှိလာခြင်းကြောင့် ပေကျင်းမြို့တွင် လုံခြံုရေးတင်းကျပ်စွာ ချထားသည်ကိုလည်း တွေ့ရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required