အငြင်းပွားလယ်မြေပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ စုပေါင်းသစ်ပင်စိုက်ပျိုးမှု ဒေသခံတောင်သူများ ကန့်ကွက်

အငြင်းပွားလယ်မြေပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ စုပေါင်းသစ်ပင်စိုက်ပျိုးမှု ဒေသခံတောင်သူများ ကန့်ကွက်

ဇွန်၁၉ ။                      ။ မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ရှင်တော်ကုန်းကျေးရွာ အုပ်စုရှိ၊(ယခင် စက်မှုတက္ကသိုလ်) မန္တလေး နည်းပညာတက္ကသိုလ် တည်ထောင်ရန် သိမ်းယူခဲ့သော လယ်ယာမြေများအနက် လယ်သိမ်းခံတောင်သူများမ ှပြန်လည်စွန့်လွှတ်ရန် တင်ပြတောင်းဆိုထားသော ကိစ္စမပြီးပြတ်သေးသည့်ပိုလျှံ မြေပေါ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲပြုလုပ်ခြင်းကို လယ်သိမ်းခံတောင်သူများမှ ကန့်ကွက်ခဲ့ကြသည်။

ဇွန်လ ၁၉ ရက်၊နံနက်ပိုင်းကမန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ရှင်တော်ကုန်းကျေးရွာ အုပ်စုရှိ၊(ယခင် စက်မှုတက္ကသိုလ်) မန္တလေး နည်းပညာတက္ကသိုလ်ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ယခုသစ်ပင်စိုက်ပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်ဇနီး၊သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများတက်ရောက်ကာ သစ်ပင်များစိုက်ပျိုးခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ရှင်တော်ကုန်းကျေးရွာ အုပ်စုရှိ၊(ယခင် စက်မှုတက္ကသိုလ်) မန္တလေး နည်းပညာတက္ကသိုလ်တည်ထောင်ရန် မြေဧက(၇၀၄)ဧက ခန့်သိမ်းယူခဲ့ပြီးလက်ရှိအချိန်ထိ လုပ်ငန်းအတွက်အသုံးပြုထားခြင်းမရှိသေးသောမြေ(၅၀၄)ဧကခန့်ကို ပြန်လည်စွန့်လွှတ်ပေးရန်တင်ပြတောင်းဆိုထားခြင်းဖြစ်ကြောင်း လယ်သိမ်းခံတောင်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required