စျေးနှုန်းသက်သာပြီး အမိုက်စားလုပ်ဆောင်ချက်တွေပါဝင်တဲ့ Huawei Y6 Prime

စျေးနှုန်းသက်သာပြီး အမိုက်စားလုပ်ဆောင်ချက်တွေပါဝင်တဲ့ Huawei Y6 Prime

 

မကြာခင်ကမှ စျေးကွက်ထဲကိုအသစ်စက်စက်ဝင်ရောက်လာတဲ့ Huawei Y6 Prime နှင့် မိတ်ဆက်ပေးချင်ပါတယ်။ Huawei ရဲ့ လူကြိုက်အများဆုံး Series တွေထဲကတစ်ခုဖြစ်တဲ့ Y Series ကိုတော့ မသိသူရှားပါတယ်။ အခုတစ်ခါမှာလည်း Huawei က စျေးနှုန်းသက်သာပြီးတခြားပြိုင်ဘက်တွေထက် သာလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေပါဝင်တဲ့ ဖုန်းအမျိုးအစားကိုမိတ်ဆက်လိုက်ပြန်ပါပြီ။

Huawei Y6 Prime မှာMemory 2GB နဲ့ ့ ROM 16GBအထိပါဝင်ပါတယ်။  ဖုန်းမျက်နှာပြင်မှာ 5.7 လက်မကျယ်ဝန်းပြီးHD+ (1440 x 720)  resolution ပါဝင်တဲ့ အတွက်   ဗီဒီယိုတွေကြည့်တဲ့အခါ နဲ့ ဂိမ်းကစားတဲ့ အချိန်တွေမှာမှာအရည်အသွေးကောင်းတဲ့ ရုပ်ထွက်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ကင်မရာပိုင်းအနေနှင့် နောက်ကင်မရာ 13 MP နှင့် ရှေ့ကင်မရာ 8 MP ပါဝင်တဲ့အပြင် ဆယ်ဖီရိုက်ကူးရာမှာအထာကျစေမယ့်  Selfie Toning Flashလည်းပါဝင်တာကြောင့် စျေးကွက်ထဲက ၁ သိန်းဝန်းကျင်ဖုန်းတွေထဲမှာတော့ တော်တော်လေးအလေးသာနေတာကိုတွေ့ရမှာပါ။ AR lens feature လည်းပါဝင်ပြီး selfie ပုံရိုက်ကူးရာမှာချစ်စရာကောင်းတဲ့ စတစ်ကာများကိုထည့်ပေးနိုင်တဲ့အတွက် အမျိုးသမီးငယ်လေးတွေ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။

Huawei Y6 Prime မှာလည်းတခြား Huawei flagship ဖုန်းတွေရဲ့ အထူးလုပ်ဆောင်မှုတွေဖြစ်တဲ့ လက်သုံးချောင်းကိုအပေါ်အောက်ဆွဲ၍ Screen Shot ရိုက်နိုင်တဲ့ Gesture Screenshot ၊ App နှစ်ခုကိုမျက်နှာပြင်ပေါ်မှာတစ်ပြိုင်နက်တည်းခွဲယူအသုံးပြုနိုင်တဲ့Split-screen mode နှင့် Screen ကိုဖွင့်ပြီး မျက်နှာပြလိုက်သည့်နှင့်တပြိုက်နက် အလိုလျောက် Unlock လုပ်ပေးနိုင်တဲ့ Face unlockစနစ်တွေပါဝင်ပါသေးတယ်။

ဒီဖုန်းမှာOperating System အနေနှင့် နောက်ဆုံးပေါ် Android 8.0 + EMUI 8.0နှင့် 3000mAhဘတ္ထရီပါဝင်ပြီးမလိုအပ်ဘဲဘက်ထရီအားကုန်မှုကိုလျော့ချပေးမယ့် Smart Power Saving Mode နဲ့ Ultra Power Saving Mode တို့ ပါဝင်တာကိုတွေ့ရပါတယ်။ Dual Nano SIM Slot အမျိုးအစားဖြစ်တာကြောင့်လည်းဖုန်းတစ်လုံးတည်းမှာတင် ဖုန်းနံပါတ်နှစ်မျိုးထည့်ပြီးအသုံးပြုနိုင်ပါတယ်။ Face Unlock စနစ်အပြင် Fingerprint 4.0စနစ်ထည့်သွင်းထားတာကြောင့်လုံခြံုမှုရှိုပြီး0.37s အတွင်း unlock ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။

Huawei Y6 Prime ကို ၁၄၉,၀၀၀ ကျပ်နဲ့  အခုဆိုဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။  အရောင်အားဖြင့် အနက်ရောင်၊ အပြာရောင်နဲ့ ရွှေရောင်ဆိုပြီးအရောင် ၃ မျိုးထွက်ရှိလာပါတယ်။

Huawei Y6 Prime ဝယ်ယူသူများအတွက်Huawei နဲ့ Telenor တို့ ပူးပေါင်းပြီးအထူးအစီအစဉ်တစ်ခု ပြုလုပ်ထားတယ်လို့ သိရပါတယ်။ Telenor SIM Card ကို Huawei Y6 Prime ရဲ့ SIM Slot 1 မှာထားပြီးလစဉ် ကျပ် ၅,၀၀၀ ဖိုးဖုန်းငွေဖြည့်ပေးရုံနဲ့ အင်တာနက်ဒေတာ 1GB ကို ၁၂ လတိုင်တိုင် အခမဲ့ ရရှိမှာဖြစ်ပါတယ်။ Activate လုပ်ဖို့ ကိုယ့်ဖုန်းကနေ တခြားဖုန်းနံပါတ်တစ်ခုကို ဖုန်းခေါ်ဆိုပြီး အဲဒီဖုန်းနံပါတ်က ကိုယ့် call ကို လက်ခံဖြေဆိုဖို့ လိုပါမယ်။ အဲဒီနောက်မှာမှ Activation SMS ရရှိပြီး အင်တာနက်ဒေတာကို ရရှိမှာဖြစ်ပါတယ်။

အားလုံးခြံုပြီးပြောရရင်တော့ ပေးရတဲ့စျေးနှုန်းထက် အများကြီးတန်တဲ့ လုပ်ဆောင်မှုတွေ ပါဝင်ပြီး အသွင်အပြင်အားဖြင့်လည်း အထာကျတဲ့ Huawei Y6 Prime ဟာဓာတ်ပုံ (သို့) ဆယ်ဖီဝါသနာရှင်များအတွက်သာမက မိုဘိုင်းဂိမ်းကစားသူတွေနဲ့ ့ ခေတ်နှင့်အမီစမတ်ဖုန်း ကောင်းကောင်းဝယ်ယူလိုသူတွေ ဦးစားပေးစဉ်းစားသင့်တဲ့ ဖုန်းတစ်လုံးလို့ပြောရင် လွန်မယ်မထင်ပါဘူး။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly