အင်ဒိုနီးရှား စက်လှေတိမ်းမှောက်မှုတွင် လူဒါဇင်များစွာ ပျောက်ဆုံးနေ

အင်ဒိုနီးရှား စက်လှေတိမ်းမှောက်မှုတွင် လူဒါဇင်များစွာ ပျောက်ဆုံးနေ

ဂျကာတာ၊ ဇွန် ၁၉ ။            ။ အင်ဒိုနီးရှားနိုင်ငံတွင် ဇွန် ၁၈ ရက်က ခရီးသည် ၈၀ တင်ဆောင်လာသော စက်လှေတစ်စီး တိမ်းမှောက်မှုဖြစ်ရာတွင် လူတစ်ဦး သေဆုံးပြီး ဒါဇင်များစွာ ပျောက်ဆုံးနေကြောင်း အမျိုးသားသဘာဝဘေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ခရီးသည် ၁၈ ဦးကိုတော့ ကယ်တင်ထားနိုင်တယ်။ သေဆုံးသူ တစ်ဦး ရှိပါတယ်။”ဟု အေဂျင်စီ၏ ပြောခွင့်ရသူ ဆူတိုပိုပေါဝိုနူဂရိုလိုက ဆိုသည်။

စက်လှေ တိမ်းမှောက်ရာသို့ ကယ်ဆယ်ရေးရေယာဉ်များ အာဏာပိုင်များက ဖြန့်ကြက်ထားသော်လည်း ဆိုးဝါးသည့် ရာသီအခြေအနေကြောင့် ညပိုင်း ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်တန့်နေရသည်။

“ရာသီဥတု ဆိုးဝါးတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်ထားရတယ်။ ရှေ့ကို မြင်နိုင်တယ် မြင်ကွင်းက မီတာ ၃၀ လောက်ပဲ ရှိနေတာကြောင့်ပါ။”ဟု ဌာနေရဲဌာနအကြီးအကဲ မာရူဒီလီဘာတီက TV One ရုပ်သံသတင်းသို့ ပြောခဲ့သည်။

အဆိုပါ စက်လှေသည် မြို့တော် ဂျကာတာမှ မြောက်ဖက် မိုင် ၈၀၀ အကွာ မြောက်ဆူမတြားပြည်နယ် တိုဘာကန်ကြီးအတွင်း တိမ်းမှောက်ခြင်း ဖြစ်သည်။

ယင်းစက်လှေမှာ ခရီးသည်စာရင်းဇယားမရှိ တရားမဝင် ခုတ်မောင်းသည့် စက်လှေဖြစ်ပြီး ခရီးသည်များကိုလည်း လက်မှတ်ရောင်းချခြင်း မရှိကြောင်း အာဏာပိုင်များက ယူဆထားသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly