အကျင့်ပျက်မှုပြစ်ဒဏ်ဖြင့် စပိန်ဘုရင်၏ ယောက်ဖတော် ထောင်ဒဏ် စတင်ကျခံ

အကျင့်ပျက်မှုပြစ်ဒဏ်ဖြင့် စပိန်ဘုရင်၏ ယောက်ဖတော် ထောင်ဒဏ် စတင်ကျခံ

မက်ဒရစ်၊ ဇွန် ၁၈ ။           ။ အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် ၅ နှစ် ၁၀ လ ချမှတ်ခံရသော စပိန်ဘုရင်၏ ယောက်ဖတော်သည် ရှေးဟောင်းမြို့ဖြစ်သော အဗီလာမြို့ပြင်ရှိ အကျဉ်းထောင်သို့ ဇွန် ၁၈ ရက်က ရောက်ရှိကာ ထောင်ဒဏ်ကို စတင်ကျခံပြီဖြစ်ကြောင်း နိုင်ငံ၏ အကျဉ်းဦးစီးဌာနက ထုတ်ပြန်သည်။

မင်းသမီး ခရစ္စတီးနား၏ ကြင်ယာတော်ဖြစ်သော အီနာကီအူဒန်ဂါရင်းအား ကျခံလိုသည့် အကျဉ်းထောင်အား ရွေးချယ်ခံခွင့် ပြုခဲ့ခြင်းဖြစ်ရာ ၎င်းက အဗီလာမြို့ အရှေ့ဖက် ခုနစ်ကီလိုမီတာရှိ ဘရီဗာအကျဉ်းထောင်အား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဘရီဗာအကျဉ်းထောင်သည် အမျိုးသမီးအကျဉ်းသူများအား အဓိကထားရာဖြစ်သော်လည်း ချောင်ကျဝေးလံသော နေရာတွင် ယောက်ကျားသီးသန့်အဆောင်ပါ ရှိနေခြင်း ဖြစ်သည်။

“အကျဉ်းထောင် တံခါးထဲ ဝင်သွားရတယ်ဆိုတာ တကယ်ပဲ စိတ်ဒုက္ခရောက်ရတဲ့ ဖြစ်ရပ်ပါ။ ဒါပေမယ့် ဒီစိတ်ဒုက္ခကို သက်သာရာ ရလိုရငြား ဝါဒါအုပ်စုက အကျဉ်းသားတွေရဲ့ ကြိုဆိုတာမျိုး လုပ်ပေးပါတယ်။ ဒီလို ဝင်ရောက်လာတဲ့ အချိန်မှာ ထောင်သားသစ်ကို ဆေးအဖွဲ့က စစ်ဆေးတယ်။ နောက်ပြီး ပညာရှင်အဖွဲ့တစ်ဖွဲ့က အင်တာဗျူးမေးမြန်းတယ်။

ဘုရင်ဖိလစ်၏ ယောက်ဖတော် အီနာကီအား ယခုကဲ့သို့ ကျခံလိုသည့် အကျဉ်းထောင်အား ရွေးချယ်ခွင့်ပေးခြင်းအား တစ်ချို့သော လွှတ်တော်အမတ်များက ဝေဖန်အပြစ်ဆိုထားသည်။

၎င်း၏ ဇနီးဖြစ်သူ၊ ဘုရင်ဖိလစ်၏ ညီမတော် ခရစ္စတီးနားသည် လက်ရှိတွင် သားသမီးများနှင့်အတူ ဆွစ်ဇာလန်တွင် နေထိုင်လျက် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly