ကိုလံဘီယာသမ္မတရွေးကောက်ပွဲ ကွန်ဆာတေးဗစ်ဝါဒီ အီဗန်ဒု အနိုင်ရ

ကိုလံဘီယာသမ္မတရွေးကောက်ပွဲ ကွန်ဆာတေးဗစ်ဝါဒီ အီဗန်ဒု အနိုင်ရ

ဇွန် ၁၈ ။           ။ ကျင်းပခဲ့တဲ့ ကိုလံဘီယာသမ္မတရွေးကောက်ပွဲမှာတော့ ကွန်ဆာတေးဗစ်သမ္မတကိုယ်စားလှယ်လောင်း အီဗန်ဒုက အနိုင်ရသွားခဲ့ပါတယ်။

၎င်းအနိုင်ရသွားခဲ့ခြင်းကြောင့် နိုင်ငံမှာ အစိုးရနဲ့ FARC သူပုန်ဟောင်းတွေအကြား ရရှိထားတဲ့ သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက်ကိုတော့ မရေမရာဖြစ်သွားစေခဲ့ပြီ ဖြစ်ပါတယ်။

ဒုက သူသာ ရွေးကောက်ပွဲ နိုင်ခဲ့မယ်ဆိုရင် အဆိုပါ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပြန်ပြင်ရေးမယ်လို့ ကတိပြုထားသူလည်း ဖြစ်ပါတယ်။

ဇွန်လ ၁၇ ရက် မဲအားလုံး ရေတွက်ပြီးချိန်မှာတော့ အသက် ၄၁ နှစ်အရွယ် ဒုက မဲရာခိုင်နှုန်း ၅၄ ရရှိပြီး ၎င်းရဲ့ အဓိကပြိုင်ဘက် လက်ဝဲယိမ်းဝါဒီ ဂူစတာဗိုက ၄၂ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။

သမ္မတသစ် ဖြစ်လာတော့မယ့် ဒုကတော့ ၎င်းလက်ထက်မှာ နိုင်ငံကို စည်းလုံးညီညွတ်စေအောင် ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ခံသမ္မတသစ် အီဗန်ဒုဟာ လာမယ့် သြဂုတ်လမှာ ရာထူးကဆင်းမယ့် သမ္မတ ဟွမ်မန်နျူရယ် ဆန်းတို့စ်နေရာကို ဆက်ခံသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required