မိဘနှင့်ကလေး ခွဲထားသည့် အမေရိကန်လူဝင်မှုပေါ်လစီကို ကုလ ဝေဖန်

မိဘနှင့်ကလေး ခွဲထားသည့် အမေရိကန်လူဝင်မှုပေါ်လစီကို ကုလ ဝေဖန်

ဇွန် ၁၈ ။             ။ အမေရိကန်မှာ တရားမဝင် ခိုးဝင်ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် လက်ရှိချမှတ်ကျင့်သုံးနေတဲ့ လူဝင်မှု ပေါ်လစီနဲ့ပတ်သက်လို့ ကုလသမဂ္ဂက ဝေဖန်ပြောဆိုလိုက်ပါတယ်။

အမေရိကန်တို့ရဲ့ လူဝင်မှု ပေါ်လစီအရ နယ်စပ်ကနေ နိုင်ငံထဲ ခိုးဝင်လာကြတဲ့ ရွှေ့ပြောင်းမိသားစုတွေထဲက မိဘနဲ့ သားသမီး သီးခြားခွဲထားလိုက်တာဖြစ်ပါတယ်။

ဒီလို မူဝါဒမျိုးဟာ ဘယ်လိုမှ ယုတ္တိမရှိတာဖို့ ဒီစနစ်မျိုး ကျင့်သုံးနေမှု ချက်ချင်း ရပ်ဆိုင်းဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲက ၀ါရှင်တန်ကို တိုက်တွန်းလိုက်ပါတယ်။

" ခုလိုမျိုး တရားမဝင် ၀င်ရောက်လာသူတွေကို မိဘနဲ့ သားသမီး ခွဲထားလိုက်တာမျိုးကတော့ ကလေးငယ်တွေအပေါ် နှိပ်စက်ညှင်းပန်းရာ ရောက်လို့ ဒါ ဘယ်လိုမှ ယုတ္တိမတန်လှပါဘူး" ဆိုပြီး ကုလ လူ့အခွင့်အရေးအကြီးအကဲ ဇိဒ် ရာအက်ဒ် အယ်လ် ဟူစိန်က ဂျီနီဗာမြို့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတစ်ရပ်မှာ ပြောသွားပါတယ်။

သမ္မတ ထရမ့်လက်ထက်မှာ ကျင့်သုံးနေတဲ့ ခု နယ်စပ်လုံခြံုရေး မူဝါဒအပေါ်မှာတော့ နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်နေကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ခြောက်ပတ်အတွင်းမှာပဲ ကလေးငယ် ၂,၀၀၀ နီးပါးလောက်ကို ၎င်းတို့တွေရဲ့ ခိုးဝင် မိဘတွေ ဒါမှမဟုတ် အုပ်ထိန်းသူတွေနဲ့ ခွဲထားလိုက်တယ်လို့ အမေရိကန်အစိုးရက ပြောထားပါတယ်။

ခုလို သီးခြားခွဲထားပြီး ကလေးငယ်တွေကိုတော့ ထိန်းသိမ်းရေးစခန်းတွေမှာ နေရာချထားလိုက်ပြီး မိဘအုပ်ထိန်းသူတွေကိုတော့ တရားစွဲ အရေးယူနေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly