ဆွီဒင် vs တောင်ကိုရီးယား (ပွဲကြိုအချက်အလက်)

ဆွီဒင် vs တောင်ကိုရီးယား (ပွဲကြိုအချက်အလက်)

ပွဲစဉ် - ဆွီဒင် vs တောင်ကိုရီးယား (Group – F)ပွဲချိန် - ဇွန် ၁၈ ရက်၊ ညနေ ၆း၃၀၊ တနင်္လာနေ့ (မြန်မာစံတော်ချိန်)နေရာ - Nizhny Novgorod Stadium, Nizhny Novgorod, Russiaပေါလ်မာဆွန် ခန့်မှန်းချက် - ၁-၀ ဂိုး

ပွဲကြိုအချက်အလက်

ထိပ်တိုက်တွေ့ဆုံမှု

  • ဆွီဒင်အသင်းဟာ တောင်ကိုရီးယားအသင်းနဲ့ ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၄ ကြိမ်မှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ရှုံးနိမ့်ထားခြင်း မရှိပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီနှစ်သင်း တွေ့ဆုံမှုက ပထဆုံးအကြိမ်ဖြစ်ပါတယ်။
  • ဆွီဒင်အသင်းဟာ ၁၉၄၈ အိုလံပစ်ပြိုင်ပွဲမှာ တောင်ကိုရီးယားကို ၁၂-၀ ဂိုးဆိုတဲ့ အကြီးမားဆုံး ဂိုးပြတ်နိုင်ထားပါတယ်။

ဆွီဒင်

(၁) ဆွီဒင်အနေနဲ့ ၂၀၀၆ ခုနှစ်က play-offs ပြန်ကစားပွဲမှာ အီတလီအသင်းကို ရှုံးနိမ့်ပြီးနောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၂ ကြိမ်မြောက် ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ 

(၂) ဆွီဒင်အသင်းဟာ အိမ်ကွင်းမှာ ကျင်းပတဲ့ ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယဆု တစ်ကြိမ် ရရှိခဲ့ပြီး ၁၉၉၄ ခုနှစ်မှာတော့ တတိယဆုနဲ့ ကျေနပ်ခဲ့ရပါတယ်။

(၃) ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံး ၉ ပွဲမှာ ၃ ပွဲနိုင်၊ ၆ ပွဲသရေကျပြီး ရှုံးပွဲမရှိဆိုတဲ့ ရလဒ်ပိုင်ဆိုင်ထားပါတယ်။ သူတို့ရဲ့ အုပ်စုအဆင့် နောက်ဆုံး ရှုံးပွဲကတော့ ၁၉၉၀ ခုနှစ်၊ ဇွန် ၂၀ က ကော်စတာရီကာကို ၁-၂ ဂိုးနဲ့ ရှုံးတဲ့ပွဲဖြစ်ပါတယ်။

(၄) ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့ရဲ့ နောက်ဆုံး ၂၄ ပွဲမှာ ၃ ပွဲသာ ပေးဂိုး မရှိတဲ့အသင်းဖြစ်ပါတယ်။

(၅) ဆွီဒင်ဟာ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ် နောက်ဆုံး ရ ပွဲမှာ နိုင်ပွဲ ရယူနိုင်ခြင်း မရှိဘဲ ၅ ပွဲသရေ၊ ၂ ပွဲရှုံးထားပါတယ်။ နောက်ဆုံး အဖွင့်နိုင်ပွဲက အိမ်ကွင်းမှာ ကျင်းပတဲ့ ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက္ကဆီကိုအသင်းကို ၃-၀ ဂိုးနဲ့ နိုင်တဲ့ပွဲဖြစ်ပါတယ်။

(၆) ဒီပြိုင်ပွဲဟာ ဂျေနီအန်ဒါဆင်အတွက် နည်းပြတစ်ဦးအနေနဲ့ ပထမဆုံး အဓိကပြိုင်ပွဲကြီးတစ်ရပ်ကို ကိုင်တွယ်ရမယ့် ပြိုင်ပွဲလည်းဖြစ်ပါတယ်။ သူဟာ ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆွီဒင်အသင်းကို ရှုံးထွက် ၁၆ သင်းအဆင့်ဆီ ခေါ်ဆောင်သွားတဲ့ တိုမီ ဆီဗင်ဆန်နောက်ပိုင်း ဒီအဆင့်ကို ပြန်လည်တက်ရောက်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

တောင်ကိုရီးယား

(၁) တောင်ကိုရီးယားအသင်းဟာ သူတို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ် နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရှုံးပွဲ မရှိတဲ့အသင်းပါ။

(၂) တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၀ ကြိမ်မြောက် ခြေစစ်ပွဲအောက်မြင်ခဲ့ပြီး တခြား အာရှအသင်းတွေထက် အကြိမ်အရေအတွက်အရ ပိုများထားပါတယ်။

(၃) တောင်ကိုရီးယားဟာ သူတို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံး ၉ ပွဲမှာ ၂၀၁၀ ခုနှစ်က ဂရိအသင်းကို (၂-၀) ဂိုးနဲ့ နိုင်တဲ့ အဖွင့်ပွဲစဉ် တစ်ပွဲသာ နိုင်ထားပြီး ၃ ပွဲသရေ၊ ၅ ပွဲထိ ရှုံးထားပါတယ်။ ဒီနိုင်ပွဲက ဒီပြိုင်ပွဲမှာ သူတို့ရဲ့ နောက်ဆုံး ၁၂ ပွဲမှာ ပေးဂိုး မရှိတဲ့ တစ်ခုတည်း ပွဲသာဖြစ်ပါတယ်။

(၄) ကမ္ဘာ့ဖလားမှာ တောက်ကိုရီးယားအသင်းရဲ့ နောက်ဆုံး ၈ ဂိုးထဲက ၅ ဂိုးဟာ ဂိုးဧရိယာပြင်က သွင်းယူခဲ့တာပါ။ ဒီပြိုင်ပွဲမှာ အသင်းရဲ့ နောက်ဆုံး ၁၃ ဂိုးရဲ့ ၁၂ ဂိုးမှာလည်း ဒုတိယပိုင်းမှ သွင်းယူတဲ့ ဂိုးတွေဖြစ်ပါတယ်။

(၅) Shin Tae-yong ဟာ နည်းပြတစ်ဦးအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံး ကိုင်တွယ်ရမယ့် နည်းပြဖြစ်ပါတယ်။ သူဟာ ခြေစစ်ပွဲအဆင့်မှာ ၂ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ဂိုး မရှိသရေကျခဲ့ပါတယ်။ (vs အီရန်နဲ့ ဥဇဘတ်ကစ္စတန်)

ကမ္ဘာ့ဖလားခြေစစ်ပွဲ အချက်အလက်နဲ့ လူစာရင်း

ဆွီဒင်

ဆွီဒင်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားဝင်ခွင့်တို့နဲ့ နှစ်ကြိမ်လွဲခဲ့တဲ့အသင်းပါ။ ဒီလိုနဲ့ ၈ နှစ်ကြာပြီး ဆွီဒင်အသင်း ကမ္ဘာ့ဖလားဝင်ခွင့် ပြန်လည်ရရှိခဲ့ပါတယ်။ ဆွီဒင်အသင်းဟာ ခြေစစ်ပွဲ ၁၀ ပွဲမှာ ၆ ပွဲသာနိုင်ပြီး ၃ ပွဲရှုံးခဲ့တာကြောင့်လည်း အုပ်စုဒုတိယအဖြစ် ရပ်တည်ခဲ့ပြီး play-offs ကစားခဲ့ရပါတယ်။ အသင်းဟာ ခြေစစ်ပွဲတစ်လျှောက် တိုက်စစ်အားကောင်းကောင်းနဲ့ ဂိုးပြန် နိုင်ပွဲတွေ ရှိခဲ့ပါတယ်။ ဆွီဒင်အသင်းက play-offs ပွဲစဉ်မှာတော့ အီတလီကို အနိုင်ကစားနိုင်ခဲ့ပါတယ်။

လူစာရင်း
ဂိုး - အိုလ်ဆန်(ကိုပင်ဟေဂင်)၊ နော့ဖက်(ဆွမ်ဆီး)၊ ကားဂျွန်ဆင်(ဂူအင်ဂမ့်)
နောက်တန်း - မာတင်အိုလ်ဆန်(ဆွမ်ဆီး)၊ မီလယ်လက်စတင်(ဆဲလ်တစ်)၊ လင်ဒီလော့ဖ်(မန်ယူ)၊ ခရက်စ်(ဘလော့ဂ်ညာ)၊ ဂျင်ဆန်(လိဒ်)၊ ကီလန်ဒါ(ဘလော့ဂ်ညာ)၊ ဂရန်ဗစ်(ခရာနိုဒါ)၊ အော်ဂတ်စတင်ဆန်(၀ါဒါဘရီမင်)
အလယ်တန်း - ဆီဗက်ဆန်(ဆောင်ဒါ)၊ မားခက်ရိုဒန်(ခရိုတိုနီ)၊ လာဆန်(ဟားလ်)၊ ကီဂျီမက်ခ်(ဂျီနိုအာ)၊ ဖော့စ်ဘတ်(လိုက်ပဇစ်)၊ အမ်ဗင်ကီဒယ်(ဟမ်းဘတ်)၊ ဒူဗက်စ်(တူးလောက်စ်)၊ ကလာဆန်(ခရာနိုဒါ)
ရှေ့တန်း - ထရိုဗိုနီ(တူးလောက်စ်)၊ ကီဆီတီလန်(ဗီဗီရန်)၊ ဂျွန်ဂွန်တီဒီ(အလာဗက်စ်)၊ မားခက်ဘက်(အေအယ်အိန်း)

တောင်ကိုရီးယား

တောင်ကိုရီးယားအသင်းဟာ ခြေစ်ပွဲ ၁၀ ပွဲမှာ ၄ ပွဲပ နိုင်ပြီး သရေ ၃ ပွဲ အရှုံး ၃ ပွဲတောင် ရှိတာက အသင်းရဲ့ ခြေစွမ်းဟာ အကောင်းဆုံးရှိမနေဘူးဆိုတာ တွေ့ရပါတယ်။ အုပ်စု ပထမဖြစ်တဲ့ အီရန်အသင်းနဲ့ဆိုရင် ရ မှတ်တောင် ကွာခြားတယ်။ အီရန်ကို နှစ်ကျော့စလုံး အနိုင် မရခဲ့ဘူး။ တရုတ်အသင်းကိုဆိုရင်လည်း နှစ်ကျော့မှာ ၁ ပွဲ နိုင်ခဲ့တယ်။ အသင်းရဲ့ တိုက်စစ်ပိုင်းက အကောင်းဆုံး မရှိသလို ခံစစ်ပိုင်းမှာကလည်း အားနည်းပါတယ်။ ဒါပေမယ့် စပါးကစားသမား ဆွန်ဟောင်မင်နဲ့အတူ တောင်ကိုရီးယားအသင်းကို စောင့်ကြည့်ရမှာပါ။

လူစာရင်း
ဂိုး - ကီဆောင်ဝူ(ကိုဘီ)၊ ကီဆောင်ဟွန်း(အိုအာကာ)၊ ဂျံုဟွန်ဝူး(ဒန်ဂူး) နောက်တန်း - ကင်ယောင်ဂွမ်(ဂေါင်ဇူး)၊ ဂျန်ဟန်ဆူ(တိုကျို)၊ ပတ်ဂျိုဟူ(အူဆန်)၊ လီယောင်(ဂျွန်ဘတ်)၊ ဂိုယူဟန်(ဆိုးလ်)၊ ကင်မင်ဝူး ၊ဟောင်ချူ(ဆန်ဂျိုး)၊ ယန်ဆောင်ဆန်(ဆောင်နမ်)၊ ဂျောင်ဆောင်ဟွန်(ဆာဂန်တိုဆူ)၊ အိုဘန်ဆော့(ဂျီဂျူယူနိုက်တက်)
အလယ်တန်း - ကီဆောင်ယန်း(ဆွမ်ဆီး)၊ ကိုဂျာချို(အော့ဘတ်)၊ လီဂျာဆောင်(ဂျွန်ဘတ်)၊ ဂျောင်ဝူယောင်း(ဗစ်ဆဲ)၊ ဂျူဆီဂျောင်(အက်ဆန်)၊ လီဆန်ဝူး(ဗီရိုနာ)၊ မွန်ဆွန်မင်(အင်ဂျီယွန်)
ရှေ့တန်း - ဆွန်ဟောင်မင်(စပါးစ်)၊ ကင်ရှင်ဝေါ(ဂျန်ဘုတ်)၊ ဟွမ်ဟီချန်(ဆောဘတ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required