ဂျာမနီအသင်းနောက်တစ်ဆင့်တက်မယ်လို့ ကတိပေးလိုက်တဲ့ ဂျိုအာချင်လို

ဂျာမနီအသင်းနောက်တစ်ဆင့်တက်မယ်လို့ ကတိပေးလိုက်တဲ့ ဂျိုအာချင်လို

 

ဇွန် ၁၈၊ မော်စကို။               ။ ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုက သူ့အသင်းအနေနဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်လိမ့်မယ်လို့ တနင်္ဂနွေမှာ မက္ကဆီကိုအသင်းကို မထင်မှတ်ဘဲရှုံးနိမ့်ခဲ့ရတဲ့ပွဲအပြီးမှာ ပြောဆိုလိုက်ပါတယ်။

မက္ကဆီကိုအသင်းဟာ လိုဇာနိုရဲ့ ပွဲချိန်ပထမပိုင်းသွင်းဂိုးနဲ့ ဂျာမနီအသင်းကို လုဇ်နီကီကွင်းကြီးထဲမှာ တစ်ဂိုး၊ ဂိုးမရှိနဲ့ ထိုက်ထိုက် တန်တန်အနိုင်ရသွားတာ ဖြစ်ပါတယ်။

လက်ရှိချန်ပီယံတွေဟာ ကမ္ဘာ့ဖလား နောက်ဆုံးလေးကြိမ်မှာ သုံးကြိမ်အထိ အုပ်စုအဆင့်ကတင် လှည့်ပြန်ရတတ်ကြောင်း အချက်အလက်တွေက ညွှန်းဆိုနေပေမယ့်လည်း ဂရုစိုက်နေစရာမလိုဘူးလို့ ဂျိုအာချင်လိုက ဆိုပါတယ်။

“တခြားနိုင်ငံတွေ ဘာဖြစ်ခဲ့လဲ ကျွန်တော်မသိဘူး။ ဒီအချက်အလက်တွေကိုလည်း ကျွန်တော်တို့ ခံစားနေမှာ မဟုတ်ဘူး။ နောက်တစ်ဆင့်တက်အောင် ကြိုးစားမှာပါ”လို့ ဂျိုအာချင်လိုက ပြောပါတယ်။

လက်ရှိချန်ပီယံအနေနဲ့ ကမ္ဘာ့ဖလားကိုကာကွယ်ရာမှာ ခံစစ်ပိုင်းအားနည်းတဲ့ပုံပေါ်နေပေမယ့် အပြောင်းအလဲ ကြီးကြီးမားမား လုပ်ဖို့မလိုဘူးလို့လည်း အသက် ၅၈ နှစ်အရွယ်နည်းပြက ဆိုခဲ့ပါတယ်။

ဂျာမနီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ခံစစ်ပိုင်းက အမှားတွေများနေခဲ့ပြီး မက္ကဆီကိုနဲ့ပွဲမှာလည်း အခုထက်ပိုပြီး ဂိုးပေးရနိုင်တဲ့ အနေအထားတွေနဲ့ ကြံုခဲ့ရပါတယ်။

ဂျာမနီအသင်းဟာ အုပ်စု F မှာ မက္ကဆီကို၊ ဆွီဒင်၊ တောင်ကိုရီးယားတို့နဲ့ကျရောက်နေပြီး ဇွန် ၂၃ မှာ ဆွီဒင်၊ ၂၇ မှာ တောင်ကိုရီးယားတို့နဲ့ ဆက်လက်ကစားရမှာပါ။

ဇွန် ၁၇ ရက်က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာတော့ ဆားဘီးယားက ကော်စတာရီကာကို တစ်ဂိုး၊ ဂိုးမရှိ။ မက္ကဆီကိုက ဂျာမနီကို တစ်ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဘရာဇီးနဲ့ ဆွစ်ဇာလန်တို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required