ပိုလန်မှာ လူပေါင်း ၁၄၀၀ ကျော် ပြိုင်တူ ဘောလုံးတော့ပြပြီး ဂင်းနစ် စံချိန်တင်

ပိုလန်မှာ လူပေါင်း ၁၄၀၀ ကျော် ပြိုင်တူ ဘောလုံးတော့ပြပြီး ဂင်းနစ် စံချိန်တင်

ဇွန် ၁၇ ။         ။ လက်ရှိ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီး ရုရှားနိုင်ငံမှာ ကျင်းပနေလျက်ရှိချိန်မှာပဲ ပိုလန်နိုင်ငံမှာတော့ ဘောလုံးနဲ့ပတ်သက်တဲ့ ကမ္ဘာ့ ဂင်းနစ် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်က ပိုလန်မှာ လူဦးရေ အများဆုံးနဲ့ တစ်ချိန်တည်းတစ်ပြိုင်နက်တည်းမှာ ဘောလုံးတော့ပြပြီး ကမ္ဘာ့ ဂင်းနစ် စံချိန်တင်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယင်း ကြိုးပမ်းမှုမှာတော့ ပါ၀င်သူတွေဟာ ဆယ်စက္ကန့်ကြာ ဘောလုံးကို မြေပေါ် မကျအောင် ပြိုင်တူ တော့ပြခဲ့ကြတာဖြစ်ပါတယ်။

နိုင်ငံတောင်ပိုင်း Krakow မြို့မှာ ပြုလုပ်တဲ့ ယင်း စံချိန်တင်ပွဲမှာတော့ အရွယ်စုံ လူပေါင်း ၁၄၄၄ ဦး ထိ ပါ၀င်ခဲ့ကြပါတယ်။

အလားတူအတိုင်း ယခင်တင်ရှိထားတဲ့ စံချိန်ကတော့ အီတလီမှာ လူပေါင်း ၁၄၀၆ ဦး က ယင်းပုံစံအတိုင်း ဘောလုံးတော့ပြပြီး စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly