ရှီကျင့်ဖျင်၏ အသက် ၆၅ ပြည့် မွေးနေ့ဆုတောင်း ကင်ဂျုံးအွန် ပေးပို့

ရှီကျင့်ဖျင်၏ အသက် ၆၅ ပြည့် မွေးနေ့ဆုတောင်း ကင်ဂျုံးအွန် ပေးပို့

ဆိုးလ်၊ ဇွန် ၁၆ ။            ။ တရုတ်နိုင်ငံ သမ္မတထံသို့ မွေးနေ့ဆုတောင်းအား မြောက်ကိုရီးယားခေါင်းဆောင်က ငါးနှစ်အတွင်း ပထမဆုံးအဖြစ် မွေးနေ့ဆုတောင်း ပေးပို့ခဲ့ကြောင်း ဇွန် ၁၆ ရက်က နိုင်ငံပိုင်သတင်းက ထုတ်လွှင့်ပြသသည်။

နှစ်နိုင်ငံကြား ဆက်ဆံရေး ပြေလည်မှုအဖြစ် ရှီကျင့်ဖျင်၏ အသက် ၆၅ နှစ်ပြည့် မွေးနေ့အတွက် ကင်ဂျုံးအွန်သည် စာတစ်စောင်နှင့် ပန်းများကို ဇွန် ၁၅ ရက်က ပေးပို့ခဲ့ခြင်း   ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCTV က သတင်းထုတ်လွှင့်သည်။

၂၀၁၃ ခုနှစ်က အာဏာရခဲ့သည့် သမ္မတ ရှီကျင့်ဖျင်ထံ ငါးနှစ်အတွင်း ပထမဆုံးအဖြစ် မြောက်ကိုရီးယားက မွေးနေ့ဆုတောင်း ပေးပို့ခြင်းလည်း ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်း ကင်ဂျုံးအွန်က ပေကျင်းနှင့် အရင်းနှီးဆုံး မိတ်ဆွေဖြစ်သည့် သူ့၏ ဦးလေးဖြစ်သူ အစိုးရနံပါတ်နှစ်ခေါင်းဆောင် ဂျန်ဆောင်သက်အား ကွပ်မျက်ခဲ့ပြီးနောက် အိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေးက ဆိုးဝါးနေခဲ့ခြင်း ဖြစ်သည်။

ထိုနှစ်ထဲမှာပဲ မြောက်ကိုရီးယားက တတိယမြောက် နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်ခဲ့ခြင်းကြောင့် ဆက်ဆံရေး ပိုမကောင်းဖြစ်စေသည်။

နောက်ပိုင်းတွင် တရုတ်နိုင်ငံက အမေရိကန်ဦးဆောင်သည့် မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများတွင် ပါဝင်လိုက်ပြီး နှစ်နိုင်ငံ၏ ဆက်ဆံရေး ပိုဆိုးဝါးသွားခဲ့ရသည်။

ပြီးခဲ့သည့် မတ်လနှင့် ဧပြီလအတွင်း ကင်ဂျုံးအွန်နှင့် ရှီကျင့်ဖျင်တို့ ထိပ်သီးစည်းဝေး နှစ်ကြိမ် တွေ့ဆုံနိုင်ပြီးနောက်တွင် ဆက်ဆံရေး ပြန်လည်ကောင်းမွန်စ ပြုလာခဲ့ခြင်းပဲ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required