ထီးနန်းစည်းစိမ်ဥစ္စာ အဝဝအား အပြည့်အဝ ပိုင်ဆိုင်ခွင့် ထိုင်းဘုရင် ရရှိ

ထီးနန်းစည်းစိမ်ဥစ္စာ အဝဝအား အပြည့်အဝ ပိုင်ဆိုင်ခွင့် ထိုင်းဘုရင် ရရှိ

ဘန်ကောက်၊ ဇွန် ၁၆ ။            ။ ပြီးခဲ့သည့်နှစ်က အတည်ပြုလိုက်သော ဥပဒေတစ်ရပ်ဖြင့် ထိုင်းဘုရင်မင်းမြတ်သည် တော်ဝင်ထီးနန်းပိုင် ဒေါ်လာဘီလီယံများစွာသော ပိုင်ဆိုင်မှုအာမခံ အဝဝကို ပိုင်းစားရရှိပြီ ဖြစ်သည်။

အာဏာပြည့်ဝသော်လည်း သိုသိုသိပ်သိပ် နေတတ်သော တော်ဝင်ဘုရင်မင်းမြတ်၏ ဘဏ္ဍာတော်ထိန်းအဖွဲ့က ရှားပါးသော လူထုထံ ထုတ်ပြန်ချက်အရ ယခုကဲ့သို့ သိရှိရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ထီးနန်းကို ဆယ်စုနှစ် ခုနစ်ခုကြာ စိုးစံခဲ့သော ခမည်းတော် ဘူမိဘော ဘုရင်ကြီး ၂၀၁၆ အောက်တိုဘာအတွင်းက နတ်ရွာစံပြီးနောက် သားတော် မဟာဝါဇီရာလောင်ကွန်းက ကမ္ဘာ့အကြီးမြတ်ဆုံး အခွင့်အာဏာစည်းစိမ်ကို ဆက်ခံရရှိခြင်း ဖြစ်သည်။

ချက္ကရီ မင်းဆက်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး မင်းမျိုးမင်းနွယ်များတွင် အပါအဝင် ဖြစ်ကြောင်း အကဲဖြတ်များက ပြောပြီး ပိုင်ဆိုင်မှုစည်းစိမ်ပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ မှ ၆၀ ကြား ရှိမည် ခန့်မှန်းထားသည်။

ဘုရင်တော်ဝင်အသိုင်းအဝန်းကမူ ၎င်းတို့၏ ပိုင်ဆိုင်မှုကို လူထုထံ ကြေညာခြင်း မရှိသကဲ့သို့ တော်ဝင်အသိုင်းအဝန်းအားလည်း အလွန်တင်းကြပ်သော တော်ဝင်ဥပဒေ၏ စိစစ်ခြင်းဖြင့် အကာအကွယ်ပေးထာခြင်း ဖြစ်သည်။

ဘုရင်မင်းမြတ် ပိုင်ဆိုင်ရာ ငွေကြေးအများစုကို မြေရှင်ယာရှင်ကြီးများ ပါဝင်ထားသော လက်ကိုင်ဌာနကြီးတစ်ခုဖြစ်သည့် တော်ဝင်ပိုင်ဆိုင်မှုဗျူရိုက ထိန်းချုပ်ထားကာ ကုမ္ပဏီကြီးများတွင် ရင်းနှီးမြုပ်နှံထားခြင်းလည်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required