သမ္ဗာန်တိမ်းမှောက်ရာတွင် ပျောက်ဆုံးနေဆဲ ခရီးသည် ၄ ဦး ရှာဖွေရာမှ ပိုင်ရှင် မဲ့အလောင်းတွေ့ရှိ

သမ္ဗာန်တိမ်းမှောက်ရာတွင် ပျောက်ဆုံးနေဆဲ ခရီးသည် ၄ ဦး ရှာဖွေရာမှ ပိုင်ရှင် မဲ့အလောင်းတွေ့ရှိ

 

ရန်ကုန်၊ဇွန်၁၆။           ။   ရန်ကုန်မြစ်အတွင်း သမ္ဗာန်တိမ်းမှောက်ရာတွင် ပျောက်ဆုံးနေဆဲ ခရီးသည်  ၄ ဦး ရှာဖွေရာ မှ ယနေ့ ဇွန်လ  ၁၆ ရက် နံနက်ပိုင်းက ဗိုလ်တစ်ထောင် နှင့် သန်လျင်စွန်းကြားရှိ ဓနိတော အနီးတွင် ပို်င်ရှင်မဲ့ အမျိုးသမီး အလောင်း တစ်လောင်းကို  တွေ့ရှိခဲ့ကြောင်း သိရသည်။

 ဇွန်လ ၁၃ ရက်ညက  စက်တပ်သမ္ဗာန်ယာဉ် တစ်စီးသည ်  ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ် မော်တင်ရပ်ကွက်၊ စဉ့်အိုးတန်းဆိပ်ကမ်း နှင့် ဆူးလေ ဆိပ်ကမ်းကြားတွင်  ပန်ကာအား ဒိုက်ပက်ပြီး ရေစီးဖြင့် မျောပါခဲ့ရာ  အရှိန်မထိန်းနိုင်ဘဲ ကုန်တင် သင်္ဘောအား တိုက်မိခဲ့ရာမှ နစ်မြုတ်ခဲ့ ခြင်းဖြစ်သည်။

ယင်းသမ္ဗာန် တွင် ၁၁ ဦး လိုက်ပါစီးနင်းလာပြီး  အသက် ၂၆ အရွယ် မဥမ္မာ၊ အသက် ၃၀ ရှိ ဦးရာဂျား ၊ အသက် ၂၅ အရွယ် မဒါးနီး၊ အသက် ၂၇ အရွယ် မဆန်းသီး တို့ ၄ ဦး  ပျောက်ဆုံးနေကြောင်း သိရသည်။

လက်ရှိတွင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့များ၊  မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပရိတ အဖွဲ့များ ပူးပေါင်းပြီး ရှာဖွေရေး ဆောင်ရွက်လျက်ရှိသည်။ယင်းပျောက်ဆုံးသူများနှင့် ပတ်သက်ပြီး ဇွန်လ ၁၆ရက် ညနေ ၃နာရီ အထိ ရှာဖွေတွေ့ ရှိခြင်းမရှိသေးပေ။

သမ္ဗာန်မောင်းသူ ဦးကျော်မင်းသည် ယာဉ်မဆင်မခြင်မောင်းမှုပုဒ်မ၊ ခရီးသည်များ ဒဏ်ရာ ရရှိခဲ့သည့် ပုဒ်မ စသည့် ပုဒ်မ နှှစ်ခုနှင့် အရေးယူခံထားရသော သော်လည်း လက်ရှိတွင် ထွက်ပြေးလွတ်မြောက်လျက်ရှိကြောင်း သိရသည်။

 လက်ရှိတွင်  သမ္ဗာန်မောင်းသူ ဦးကျော်မင်းကို အရေးယူထားသော်လည်း   လူသေဆုံးမှုရှိပါက ပုဒ်မ - ၃၀၄(က) ဖြင့် ပုဒ်မ ထပ်တိုး အရေးယူ သွားမည်ဖြစ်ကြောင်း ဆိပ်ကမ်းမြို့မ ရဲစခန်း မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required