ရခိုင်အရေး မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှု ထိုင်း ထောက်ခံအားပေး

ရခိုင်အရေး မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှု ထိုင်း ထောက်ခံအားပေး

 

ဇွန် ၁၆ ။            ။ ရခိုင်ပြည်နယ်က ဘင်္ဂါလီ အရေးကိစ္စ ပြဿနာကို ဖြေရှင်းသွားနိုင်ဖို့အတွက် မြန်မာအစိုးရရဲ့ လက်ရှိ ကြိုးပမ်းလုပ်ဆောင်နေမှုတွေအပေါ် အားပေးထောက်ခံကြောင်း ထိုင်းအစိုးရက ထုတ်ဖော်ပြောခဲ့တယ်လို့ သိရပါတယ်။

" ရခိုင်က ပြဿနာကို ရေရှည်ကျတဲ့ နည်းလမ်းတစ်ခုနဲ့ ရှင်းလင်းနိုင်ဖို့အတွက် မြန်မာအစိုးရဘက်က စိတ်နှစ်ကိုယ်နှစ် ကြိုးစားနေတာကို တွေ့ရတော့ ကျွန်တော်တို့ဘက်က ကြိုဆိုပါတယ်" ဆိုပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ယမန်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နဲ့ အတူ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ ပြောသွားပါတယ်။

ရခိုင်ကိစ္စ ဖြေရှင်းနိုင်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ လွတ်လပ်တဲ့ တစ်သီးပုဂ္ဂလ စုံစမ်းရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းထူထောင်မှု၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ နီးနီးကပ်ကပ် ချိတ်ဆက်လုပ်ဆောင်မှု တို့ အပေါ်မှာလည်း ထိုင်းဝန်ကြီးချုပ်က ချီးမွှမ်းသွားခဲ့ပါတယ်။

အလားတူ  ပြည်တွင်းလူ့အဖွဲ့အစည်းတွေကို ကူညီပေးနိုင်ဖို့အတွက် ဖွံ့ဖြိုးရေး ပရောဂျက်တွေ ဖော်ဆောင်ပေးဖို့ ထိုင်းဘက်က အဆင်သင့်ရှိနေတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကတော့ ၀န်ကြီးချုပ် ပရာယွတ်ရဲ့ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံမှာ ၃ ရက်တာ တရားဝင်ချစ်ကြည်ရေးခရီးရောက်နေပြီး ကျင်းပနေလျက်ရှိတဲ့ ထိပ်သီးအစည်းအဝေးတွေကိုလည်း တက်ရောက်နေလျက်ရှိပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required