ထိုင်းနိုင်ငံတွင် ကျင်းပသည့် ACMECS ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ACMECS ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်
Photo- EFE EPA

ဇွန် ၁၅ ။           ။ အရှေ့တောင်အာရှ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး ACMECS ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၅ ရက်က ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်၌ ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်ကြောင်း သိရသည်။

အဆိုပါ (၈) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး (ACMECS-အက်မက်စ်) အခမ်းအနားသို့ ပြည်ပနိုင်ငံများမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ဒေသတွင်း ခေါင်းဆောင်များနှင့် စီးပွားရေးအသိုင်းအဝိုင်းမှာ တာဝန်ရှိ ပုဂ္ဂိုလ်များ စုဝေး တက်ရောက်ကြသည်။

ACMECS ထိပ်သီးအစည်းအဝေးတွင် အိမ်ရှင်ဖြစ်သည့် ထိုင်းနိုင်ငံမှ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာ အပါအဝင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် ဟွန်ဆန် တို့လည်း တက်ရောက်ခဲ့ကြသည်။

ယင်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သူ ဦးရေ ၂၀၀ နှင့် ၃၀၀ အကြား ရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required