မန်ယူဂိုးသမား လင်ဒီဂတ် ၀က်ဘရွန်းသို့ ပြောင်းရွှေ့

မန်ယူဂိုးသမား လင်ဒီဂတ် ၀က်ဘရွန်းသို့ ပြောင်းရွှေ့

စက်တင်ဘာ ၁၊ မန်ချက်စတာ ။          ။ မန်ယူအသင်း၏ တတိယဦးစားပေးဂိုးသမားလင်ဒီဂတ်သည် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဝက်စ်ဘရွန်းအသင်းသို့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။ ဝက်စ်ဘရွန်းအသင်းသည် လင်ဒီဂတ်ကို ၂ နှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဒိန်းမတ်ဂိုးသမား လင်ဒီဂတ်သည် မန်ယူအသင်းတွင် ၂၀၁၄ ခုနှစ် ဧပြီလကတည်းက ပွဲထွက်ခွင့် မရခဲ့ခြင်းဖြစ်သည်။ မန်ယူတွင် ငါးနှစ်ကြာကစားခဲ့သော်လည်း ပွဲထွက်ခွင့် ၃၁ ပွဲသာ ရရှိခဲ့သည်။ နည်းပြဗန်ဟားလ်လက်ထက်တွင်လည်း တတိယဦးစားပေးဂိုးသမားအဆင့်မှ မတက်ခဲ့သည့်အတွက် ဝက်စ်ဘရွန်းသို့ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

လင်ဒီဂတ်ကို ဝက်စ်ဟမ်းအသင်းက ခေါ်ယူရန်ကြိုးပမ်းခဲ့သေးသော်လည်း အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ပေ။ ဝက်စ်ဘရွန်းအသင်းသည် ကာဒစ်ဖ်ဂိုးသမား ဒေးဗစ်မာရှယ်ကို ခေါ်ယူရန်ကြိုးပမ်းရာတွင် မအောင်မြင်ခဲ့သည့်အတွက် လင်ဒီဂတ်ကို ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly