Hot Pot စားရင် ထည့်စားတတ်တဲ့ အပ်မှိုလေးကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

Hot Pot စားရင် ထည့်စားတတ်တဲ့ အပ်မှိုလေးကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

မိုးအေးအေးလေးမှာ Hot Pot လေးစားလိုက်ရရင် သိပ်အရသာရှိမှာပဲနော်။ Hot Pot စားတဲ့အခါ အသား၊ အသီးအရွက်၊မှို၊ ကြက်ဥကစလို့ နှစ်သက်ရာတွေကို ထည့်စားကြတယ်မဟုတ်လား။ ဒီလိုထည့်စားတဲ့အရာတွေထဲမှာ တေ်ာတော်လေး ခံတွင်းတွေ့စေတဲ့ မှိုတစ်မျိုးဖြစ်တဲ့ အပ်မှိုက အရသာတင်ကောင်းတာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။
အပ်မှိုမှာပါဝင်တဲ့ အာဟာရဓာတ်တွေက

စားလို့ကောင်းပြီးအရသာရှိတဲ့ အပ်မှိုကို စားသုံးပေးရင် ရရှိမယ့် အာဟာရဓာတ်တွေက –

  •     Conjugated Linoleic Acid
  •     Copper
  •     သံဓာတ်
  •     Isoleucine
  •     Leucine
  •     လိုင်စင်း
  •     ပိုတက်ဆီယမ်
  •     Phosphorus
  •     ပရိုတင်း
  •     ဆီလီယမ်
  •     Threonine
  •     Trytophan
  •     ဗီတာမင် B1 (Thiamine)
  •     ဗီတာမင် B2 (Riboflavin)
  •     ဗီတာမင် B3 (Niacin)
  •     ဗီတာမင်B5 (Pantothenic Acid)
  •     ဗီတာမင် B6 (Pyridoxine)
  •     ဗီတာမင် B9 (Folate)
  •     ဗီတာမင် B12 (Folic Acid)
  •     ဇင့် တို့ပါ။

အပ်မှိုစားရင်ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက

ကိုယ်ခံအား ကောင်းစေတယ်

အပ်မှိုမှာ အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်နေသလို ဓာတ်တိုးဆန့်ကျင် အာနိသင်တွေလည်းကြွယ်ဝစွာပါဝင်ပါတယ်။ အရိုးတွေကို သန်မာစေတဲ့ ကယ်လ်ဆီယမ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ အပ်မှိုမှာပါဝင်တဲ့ အခြားဓာတ်တွေက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး အသည်းရောဂါ၊ ကိုလက်စထရောများတာ၊သွေးတိုးတာနဲ့ အသည်းရောဂါကို သက်သာစေနိုင်ပါတယ်။

အဆီကျစေနိုင်တယ်

အပ်မှိုမှာ conjugated linoleic acid (CLA) ပါဝင်နေတာကြောင့် ခန္ဓာကိုယ်က အဆီတွေကိုလျော့ကျစေနိုင်တဲ့အတွက်  ပိန်ချင်သူတွေ စားသုံးပေးသင့်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်

နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ အမျှင်ဓာတ်ပါဝင်မှုများလေလေ သွေးတွင်းကိုလက်စထရော ကျလေလေဖြစ်ပြီး ခန္ဓာကိုယ်အလေးချိန်ကို ကျစေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ အမျှင်ဓာတ်များများစားလေလေ သွေးတွင်းသကြားဓာတ်ထိန်းချုပ်နိုင်မှု ကောင်းလေလေပေါ။ ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်စေဖို့အတွက် အပ်မှို စားသုံးလို့ရသလို ဆီးချို ကာကွယ်ချင်သူတွေအနေနဲ့လည်း အပ်မှို စားသုံးပေးလို့ရပါတယ်။

ဝမ်းမှန်စေနိုင်တယ်

အပ်မှိုမှာပါဝင်တဲ့ အမျှင်ဓာတ်တွေက ဝမ်းမှန်စေနိုင်ပြီး ဝမ်းချုပ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အပ်မှိုကို နေ့စဉ် ပုံမှန်စားသုံးပေးမယ်ဆိုရင် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေမှာပါ။ ဝမ်းမချုပ်စေဖို့အတွက် နေ့စဉ်လုံလောက်တဲ့ အမျှင်ဓာတ်ရရှိအောင် ဂရုစိုက်စားသုံးပေးပါ။

မှတ်ဉာဏ်ကောင်းမွန်စေနိုင်တယ်

အပ်မှို မှာ အမိုင်နိုအက်ဆစ် ကြွယ်ဝစွာပါဝင်တဲ့ အတွက် အာရုံကြောတွေကိုကောင်းမွန်စေနိုင် သလို မှတ်ဉာဏ်ကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ကလေးငယ်လေးတွေကို အပ်မှိုကျွေးပေးမယ်ဆိုရင်လည်း ကလေးဟာ မှတ်ဉာဏ်ဖွံ့ဖြိုးမှုကောင်းမှာ အသေအချာပါ။

ဓာတ်မတည့်တာကို ကာကွယ်ပေးနိုင်တယ်

မကြာခဏ အပ်မှိုကို စားသုံးပေးမယ်ဆိုရင် ပန်းနာရင်ကျပ်ဖြစ်တာ နဲ့ အရေပြားမှာ နီမြန်းယားယံတာ၊ နှင်းခူ ဖြစ်တာလိုမျိုး ဓာတ်မတည့်ခြင်းတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ အပ်မှိုကို ပုံမှန်စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးကောင်းမွန်လာမှာဖြစ်သလို ဓာတ်မတည့်မှုတွေလည်း ကင်းဝေးစေမှာပါ။

နှလုံးကျန်းမာစေနိုင်တယ်

အပ်မှိုစားသုံးပေးတာက သွေးတွင်း အဆီဓာတ်များတာမျိုး မဖြစ်အောင််ကာကွယ်ပေးပါတယ်။ သွေးတွင်း ကိုလက်စထရောမြင့်တက်မှုက နှလုံးရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းပါ။ အပ်မှိုက သွေးတွင်းကိုလက်စထရောပမာဏ အရမ်းမများအောင် ထိန်းထားတာက နှလုံးရောဂါမဖြစ်အောင်ကာကွယ်နိုင်တဲ့ ထိရောက်တဲ့နည်းလမ်းပါ။

ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်တယ်

အပ်မှိုစားသုံးပေးတာက ခန္ဓာကိုယ်ရဲ့ ဇီဝတွင်း ဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေ စုပ်ယူမှုကို တိုးတက်စေနိုင်တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာ ဖွံ့ဖြိုးစေနိုင်ပါတယ်။

အရသာရှိတဲ့ အစားစားရင်း ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိမယ်ဆိုတော့ သင်ရော ဘယ်လိုစဉ်းစားလဲ ……

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags