မန္တလေး စျေးချိုအနီး၌ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့

မန္တလေး စျေးချိုအနီး၌ လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့
ဓာတ်ပုံ-လင်းခိုင်

မန္တလေး၊ ဇွန်လ ၁၄ ရက် ။           ။ မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်၊ သီရီဟေမာအရှေ့ရပ်ကွက်၊ အကွက်အမှတ် (၂၄၄ )၊ ၂၇လမ်း ×၂၈ လမ်းကြား၊ ၈၆×၈၇လမ်းကြား၊မန္တလေး စျေးချိုအနီး မှ အိမ်ပိုင်ရှင်ဒေါ်နွဲ့နွဲ ့ရင် ၏ 'ဆင်တံဆိပ်' သင်္ကန်းတိုက် တွင် ၂၀၁၈ ခုနှစ်၊ဇွန်လ ၁၄ ရက်နေ့ ၊ နံနက် ၂း၄၀ အချိန်ခန့်က လျှပ်စစ်ဝါယာကြိုးမှ တစ်ဆင့် ရှော့ခ်ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ မီးလောင်မှု ဖြစ်ပွားခဲ့သည့် ၁၀ x ၁၅ ပေရှိ နံကပ်နှစ်ထပ် ပျဉ်ခင်းနေအိမ်အတွင်း သွယ်တန်းထားသည့် ဟောင်းနွမ်းဆွေးမြေ့ဝါယာကြိုးများမှတစ်ဆင့် လျှပ်စီးပတ်လမ်းတိုတောင်းရာမှ ရှော့ခ်ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့သည့်အပေါ် သင်္ကန်းဆိုင်နှစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်သည့်နေရာသို့ မီးငြိမ်းသတ်ယာဉ် ၈ စီး မီးသတ်ရေယာဉ် ၂ စီးနှင့် အုပ်ချုပ်မှုယာဉ် ၂ စီး အပြင် မီးသတ်တပ်ဖွဲ့မှ သန္ဓေတပ်ဖွဲ့ဝင် ၂၅ ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦး တို့ လာရောက် ငြိမ်းသတ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ သင်္ကန်းဆိုင်နှစ်လုံး ဆုံးရှုံးမှုနှင့် သင်္ကန်းပရိက္ခရာများ မီးလောင်ဆုံးရှုံးမှု အတွက် စုစုပေါင်းကာလတန်ဖိုး ငွေကျပ် ရ သိန်းအထိ ဆုံးရှုံးမှုတန်ဖိုး သတ်မှတ်ထားသည်။

အဆိုပါ မီးစလောင်ခဲ့သည့် ဆင်တံဆိပ်သင်္ကန်းတိုက်မှ အိမ်ရှင် ဒေါ်နွဲ့နွဲ့ရင် အသက် ၆၈ နှစ်အား ချမ်းအေးသာဇံမြို့နယ်ရှိ အမှတ် (၆) ရဲစခန်း မှ ပ - ၁၈၇ / ၂၀၁၈ ပုဒ်မ - ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly