အလှမယ် ချစ်မြတ်နိုးထိုက် ပြိုင်ပွဲအတွေ့အကြံုရှင်းလင်း

အလှမယ် ချစ်မြတ်နိုးထိုက် ပြိုင်ပွဲအတွေ့အကြံုရှင်းလင်း

ရန်ကုန် ၊ ဇွန် ၁၃ ။           ။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ပြုလုပ်ခဲ့သည့် miss jewel of the world 2018 တွင် ဆုသုံးဆုရရှိခဲ့သည့် အလှမယ် ချစ်မြတ်နိုးထိုက်၏  မီဒီယာများနှင့်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ city star hotel တွင် ဇွန်လ ၁၃ရက်နေ့ နေ့လည်က  ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲအတွေ့အကြံုများကို ရှင်းလင်းခဲ့သည်။

Mr&Miss culture Jewal of the world myanmar 2018 ပွဲတွင် ဆုရှိခဲ့သည့် အလှမယ် ပန်သွေးကို အစား အလှမယ် ချစ်မြတ်နိုးထိုက်ကို ဖီလစ်ပိုင်နိူင်ငံ မနီလာမြို့တွင်  ပြုလုပ်ခဲ့တဲ့ miss jewel of the world 2018 သို့ရွှေးချယ် စေလွှတ်ခဲ့ကြောင်းသိရသည်။

အလှမယ် ပန်းသွေးသည် ကြိုးကြိုးစားစားလေ့ကျင့်ထားသော်လည်း ကျန်းမာရေးအခြေအနေကြောင့် ဆရာဝန်၏  ညွှန်ကြားချက်အရ အနားယူရန်လို့အပ်နေခြင်းကြောင့် မလွှတ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း  Mr&Miss culture Jewal of the world myanmar ၏ ဒါရိုက်တာ ကိုထက်ဝေယံ ကပြောသည်။

" အလှမယ် ချစ်မြတ်နိးထိုက်ကိုရွေးချယ်ခဲ့တာက နိုင်ငံဂုဏ်ကိုဆောင်နိူင်မယ်ထင်လို့ ကျွန်တော်ရွှေးခဲ့တာပါ။  အလှမယ် ချစ်မြတ်နိုးထိုက်က မြန်မာရိုးရာ အကတော်တယ် ။ အဲ့ဒါကြောင့်လည်း ရွေးဖြစ်ခဲ့တာပါ။သူ့ရဲ့ အနှပညာလမ်းကြောင်းပေါ်မှာ မော်ဒယ်နဲ့ပဲ ရပ်တည်မလား။ သရုပ်ဆောက်နဲ့ပဲရပ်တည်မလား ဆိုတာကိုသူရွေးချယ်ပါလိမ့်မယ် ။ ကျွန်တော်တို့ အဖွဲ့အစည်းကလည်း အကောင်းဆုံး ကူညီပေးသွားမယ်”ဟု ကိုဝေယံကပြောသည်။

ဖိလစ်ပိုင်နိုင်ငံတွင်ပြုလုပ်သည့်  miss jewel of the world 2018 ပြိုင်ပွဲတွင် အလှမယ်ချစ်မြတ်နိုးထိုက်က မြန်မာရိုးရာရုပ်သေးအကဖြင့်Best talentဆု  ၊ ဖိလစ်ပိုင်မီဒီယာများကရွေးချယ်သော darling of the pressဆု  ၊ ဖိလစ်ပိုင်နိုင်ငံတွင် တစ်နှစ်တာ ပညာသင်ခွင့်ရရှိသည့် queen universe of the dayဆု  စုစုပေါင်း သုံးဆုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly