မန်ယူနိုက်တက်မှ မာစီရယ်ထွက်ခွာချင်နေသည်ဟု အေးဂျင့်ပြော

မန်ယူနိုက်တက်မှ မာစီရယ်ထွက်ခွာချင်နေသည်ဟု အေးဂျင့်ပြော

ဇွန် ၁၄၊ မန်ချက်စတာ။        ။ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး အန်တိုနီ မာစီရယ်သည် အသင်းမှထွက်ခွာချင်နေသည်ဟု အေးဂျင့်ဖြစ်သူက ပြောဆို လိုက်သည်။

အိုးထရက်ဖို့ဒ်တွင် ကာလရှည်ဆက်ရှိရန် စာချုပ်သစ်အတွက်ဆွေးနွေးမှုမှာ လပေါင်းများစွာ ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေရှိနေပြီး အေးဂျင့် ဖိလစ် လမ်ဘိုလေးက မာစီရယ်သည် ပွဲထွက်ခွင့်နည်းသဖြင့် မပျော်မရွှင်ဖြစ်နေသည်ဟု ပြောသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်လက်ရွေးစင်အသင်းလူစာရင်းတွင် ချန်လှပ်ခံခဲ့ရသည့် အသက် ၂၂ နှစ်အရွယ် မာစီရယ်သည် လုပ်အားနှုန်းနှင့်ပတ်သက်ပြီး မန်ယူနိုက်တက်နည်းပြ မော်ရင်ဟို၏ ဝေဖန်ခံထားရသူဖြစ်သည်။

ပြီးခဲ့သည့် လက ဘရိုက်တန်ကိုရှုံးသည့်ပွဲပြီးနောက် မာစီရယ်တွင် လုံလောက်သောခြေစွမ်းမျိုးမရှိဟု မော်ရင်ဟိုက ဆိုထားသည်။ မာစီရယ်ကို စပါးအသင်းက စိတ်ဝင်စားနေသည်။

“ဖြစ်နိုင်ချေရှိတာအားလုံးကို စဉ်းစားပြီးတဲ့နောက်မှာ အန်တိုနီက မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာချင်နေပါတယ်။

မန်ယူနိုက်တက်လို ကမ္ဘာ့အင်အားအကြီးဆုံးအသင်းတစ်သင်းက ဆွေးနွေးညှိနှိုင်းမှုလုပ်တာ ၈ လကြာတဲ့အထိ သဘောတူညီမှု မရဘူးဆိုတာက အရေးကြီးတဲ့ကစားသမားအဖြစ် မသတ်မှတ်ချင်တဲ့ သဘောပါ”ဟု လမ်ဘိုလေးက ပြောသည်။

မာစီရယ်၏စာချုပ်သက်တမ်းမှာ လာမည့်ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး မန်ယူနိုက်တက်အနေဖြင့် ၂၀၂၀ ထိ သက်တမ်း ထပ်တိုးခွင့် ရှိနေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly