ဝမ်းနည်းနေဖို့အချိန်မရှိဘူးလို့ စပိန်နည်းပြသစ် ဟီယာရိုပြော

ဝမ်းနည်းနေဖို့အချိန်မရှိဘူးလို့ စပိန်နည်းပြသစ် ဟီယာရိုပြော

ဇွန် ၁၄၊ ဆိုချီ။          ။ ကမ္ဘာ့ဖလားပြိုင်ပွဲစဖို့ တစ်ရက်အလိုမှ နည်းပြအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး စပိန်လက်ရွေးစင်အသင်းနည်းပြသစ်ဖြစ်လာတဲ့ ဖာနန်ဒို ဟီယာရိုက အသင်းအနေနဲ့ ဝမ်းနည်းနေဖို့အချိန်မရှိဘူးလို့ ပြေဆိုလိုက်ပါတယ်။

စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်နည်းပြလိုပက်တီဂွီကို နည်းပြအဖြစ် သုံးနှစ်စာချုပ်မှာဖြစ်ကြောင်း အင်္ဂါနေ့မှာ ကြေညာခဲ့ပြီးနောက် စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ လိုပက်တီဂွီကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပယ်လိုက်ပါတယ်။

အဲဒီနောက် နာရီပိုင်းအတွင်းမှာ ဖာနန်ဒို ဟီယာရိုကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တာပါ။ သူဟာ ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်းတစ်ဦးဖြစ်သလို စပိန်ဘောလုံး အဖွဲ့ချုပ်မှာ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။

နည်းပြသစ်ဖြစ်လာပြီးနောက် ဟီယာရိုက “ကျွန်တော်တို့မှာ ဝမ်းနည်းနေဖို့ အချိန်မရှိပါဘူး။ ကျွန်တော်တို့မှာ အံ့သြ စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုတစ်ခုရှိနေပြီး အကြောင်းပြချက်တစ်ခုကြောင့် ကိုယ့်အိပ်မက်ကို အနှောက်အယှက် မဖြစ်စေဖို့ ကစားသမားတွေကို ပြောထားပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

စပိန်နည်းပြချုပ်အဖြစ် အရေးပေါ်ခန့်အပ်ခံခဲ့ရတဲ့ အသက် ၅၀ အရွယ် ဟီယာရိုဟာ နည်းပြအတွေ့အကြံုတစ်နှစ်သာရှိဖူးပြီး စပိန်ဒုတိယတန်းကလပ် ရီးယဲလ် အိုဗီဒိုအသင်းကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားအုပ်စု B မှာပါဝင်နေတဲ့ စပိန်အသင်းဟာ အဖွင့်ပွဲအဖြစ် သောကြာနေ့မှာ ဥရောပချန်ပီယံပေါ်တူဂီအသင်းနဲ့ စတင် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required