ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ ရုရှအသင်း နိုင်မယ်လို့ အာခီလိကြောင်လေး ဟောကိန်းထုတ်

ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ ရုရှအသင်း နိုင်မယ်လို့ အာခီလိကြောင်လေး ဟောကိန်းထုတ်

စိန့်ပီတာစဘတ်၊ ဇွန် ၁၄ ။            ။ အာခီလိဆိုတာ ရုရှနိုင်ငံ စိန့်ပီတာစဘတ်က Hermitage ပြတိုက်မှာ ကြွွက်တွေကို ခုတ်ဖမ်းလေ့ရှိတဲ့ ကြောင်လေးတစ်ကောင်ပါ။

ဒါပေမယ့် ဇွန် ၁၄ ရက်မှာ မော်စကိုက Luzhniki အားကစားကွင်းမှာ စတင်ကျင်းပမယ့် ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ဆော်ဒီအာရေဗျ လက်ရွေးစင်အသင်းကို ရုရှက အောင်ပွဲခံမယ်လို့ ဟောကိန်းထုတ် နမိတ်ဖတ်ခဲ့တာကြောင့် အာခီလိဟာ ခုဆိုရရင် လူထုအချစ်တော် ကြောင်လေးတစ်ကောင် ဖြစ်လာနေပါပြီ။

၂၀၁၈ ကမ္ဘာ့ဖလားမီဒီယာစင်တာက ဓာတ်ပုံသမားတွေ ၀ိုင်းအုံံနေတဲ့ ကြားမှာ မျက်လုံးပြာပြာနဲ့ ကြောင်ဖြူလေးတစ်ေကောင်ဖြစ်တဲ့ အာခီလိဟာ ရှေ့မှာ ရှိတဲ့ ဘောလုံးငယ်နှစ်လုံးမှ တစ်လုံးကို ရွေးချယ်တာဖြစ်ပါတယ်။

အာခီလိရဲ့ ညာဖက်မှာ ရုရှအမျိုးသားရေးအရောင်နဲ့ ဘောလုံးငယ်ရှိပြီး ဘယ်ဖက်မှာတော့ ဆော်ဒီအာရေဗျအရောင်ဖြစ်တဲ့ အစိမ်းရင့်ရင့်အရောင် ဘောလုံးငယ်ကို ထားထားပေးတာဖြစ်ပါတယ်။

အစမှာတော့ သူ့ရှေ့က ဘောလုံးလေးတွေထက် ဓာတ်ပုံသမားတွေ၊ ဗီဒီယိုကင်မရာမင်းတွေ ဒါဇင်အုပ်ကြီးကို အာခီလိက ကြောက်နေပုံ ရပါတယ်။

ဒါပေမယ့် အဆုံးမှာတော့ ဘောလုံးပွဲတွေ ကြိုတင်ခန့်မှန်းပြီး နာမည်တစ်လုံးရခဲ့တဲ့ ရေဘဝဲ ပေါလ်အတိုင်းပဲ အာခီလိက ရုရှအလံအရောင်နဲ့ ဘောလုံးငယ်ကို ရွေးလိုက်တာဖြစ်ပါတယ်။

သူ့ ရွေးချယ်မှုကြောင့် ရယ်မောသံတွေ၊ လက်ခုပ်တီးသံတွေ ညံသွားပေမယ့် သူ့ကိုတော့ အနှောင့်အယှက် မဖြစ်စေနိုင်ပါဘူး။ အာခီလိဟာ နားပင်းနေတဲ့ ကြောင်လေးတစ်ကောင်ပဲ ဖြစ်နေလို့ပါပဲ။+

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly