ပြင်သစ်တွင် ရထားတစ်စီး လမ်းချော်တိမ်းမှောက်မှုဖြစ်၊ ရ ဦး ဒဏ်ရာရ

ပြင်သစ်တွင် ရထားတစ်စီး လမ်းချော်တိမ်းမှောက်မှုဖြစ်၊ ရ ဦး ဒဏ်ရာရ

ဇွန် ၁၃ ။             ။ ပြင်သစ်နိုင်ငံ ပါရီမြို့အပြင်ဘက် ဆင်ခြေဖုံးရပ်ကွက်များအကြား ပြေးဆွဲသည့် ရထားတစ်စီး ယမန်နေ့က လမ်းချော် တိမ်းမှောက်ခဲ့ရာ လူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

နိုင်ငံတွင် ပြီးခဲ့သည့် ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာကနေတဆင့် ယခုကဲ့သို့ ရထားလမ်းပိုင်း မြေပြိုမှု ဖြစ်ကာ မီးရထားတွဲများ လမ်းချော်တိမ်းမှောက်သွားခြင်း ဖြစ်သည်။

Saint- Remy-les-Chevreuse အရပ်နှင့် Cocurcelle-sur-Yvette အကြား ပြေးဆွဲသည့် ရထား လမ်းချော်ခဲ့ခြင်း ဖြစ်သည်။

" ကံကောင်းစွာနဲ့ပဲ ဒီဖြစ်စဉ်မှာ ခုနစ်ဦးသာ ထိခိုက်ဒဏ်ရာရသွားခဲ့ကြပါတယ်" ဆိုပြီး ပြင်သစ် သယ်ယူပို့ဆောင်ရေးဝန်ကြီး အဲလိဇဘတ် ဘွန်းက ပြောသည်။

ယင်းနိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း မိုးကြီး လေထန်ခဲ့ရာ နိုင်ငံတစ်ဝက်လောက်တွင် လိမ္မော်ရောင် သတိပေးချက်များ ထုတ်ပြန်ထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly