ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ ၂ ရက်အလိုမှာ လိုပီတီဂွီကို နည်းပြရာထူးမှ ထုတ်ပယ်လိုက်တဲ့ စပိန်

ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ ၂ ရက်အလိုမှာ လိုပီတီဂွီကို နည်းပြရာထူးမှ ထုတ်ပယ်လိုက်တဲ့ စပိန်
(ဓာတ်ပုံ - AFP)

ရီးယဲလ်မက်ဒရစ်အသင်းက လိုပီတီဂွီကို အသင်းရဲ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီးနောက် စပိန်ဘောလုံးအဖွဲ့အချုပ်က ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလားပွဲစဉ်မတိုင်မီ ၂ ရက်အလိုမှာ အံအားသင့်စွာ နည်းပြရာထူးမှ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။

ရီးယဲလ်အသင်းဟာ အသင်းမှာ ထွက်ခွာထားတဲ့ ဇီဒန်းရဲ့ နေရာမှာ  လိုပီတီဂွီကို ဘာနေဗျူးမှာ ၃ နှစ် သက်တမ်းစာချုပ်ဖြင့် နည်းပြ သစ်အဖြစ် ခန့်အပ်လိုက်ကြောင်း အင်္ဂါနေ့ ကြေညာခဲ့ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က အဖွဲ့ချုပ်ထံ 'မည်သည့် သတင်းအချက်အလက် အကြောင်းကြားခြင်း မရှိပဲ' ညှိုနှိုင်းလုပ်ဆောင်မှု မတွေ့ခဲ့တာကြောင့် အသက် ၅၁ နှစ်ရှိ လိုပီတီဂွီကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြာသာပတေးနေ့မှာ ရုရှားနိုင်ငံမှာ စတင်ကျင်းပတော့မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags