စပိန်နည်းပြ လိုပီတီဂွီကို နည်းပြသစ်အဖြစ် ရီးယဲလ်အသင်း ခန့်အပ်

စပိန်နည်းပြ လိုပီတီဂွီကို နည်းပြသစ်အဖြစ် ရီးယဲလ်အသင်း ခန့်အပ်

 

ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်နည်းပြ လိုပီတီဂွီကို အသင်းရဲ့ နည်းပြသစ်အဖြစ် ၃ နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်ပါတယ်။

ချန်ပီယံလိဂ်ဖလား ၃ နှစ်ဆက် ဆွတ်ခူးအောက် ဦးဆောင်ခဲ့သူ ဇီဒန်းဟာ မေလက ရီးယဲလ်အသင်း နည်းပြရာထူးမှ နှတ်ထွက်ခဲ့တာကြောင့် အခုလို လစ်လပ်နေတဲ့ နည်းပြနေရာအတွက် စပိန်နည်းပြကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

လိုပီတီဂွီဟာ ပြီးခဲ့တဲ့ မေလအတွင်းကမှ စပိန်အသင်းနဲ့ ၂၀၂၀ အထိစာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပေမယ့် အခုလို ရီးယဲလ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာလည်းဖြစ်ပါတယ်။

လိုပီတီဂွီဟာ ၂၀၁၆ ခုနှစ် ဇူလိုင်လက စပိန်လက်ရွေးစင်အသင်းကို နည်းပြအဖြစ် မဆောင်ရွက်ခင်က ပေါ်တိုအသင်းက ၂ နှစ် ကိုင်တွယ်ခဲ့ပါတယ်။

အသက် ၅၁ နှစ်ရှိ နည်းပြဟာ ဇွန် ၁၄ မှာ စတင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာမှ ရီးယဲလ်ကို စတင် တာဝန်ယူကိုင်တွယ်သွားမှာပါ။

ဂိုးသမားဟောင်းတစ်ဦးဖြစ်သူ လိုပီတီဂွီဟာ ရီးယဲလ်အသင်းမှာ ၁ ပွဲသာ ပွဲထွက်ကစားခဲ့ပေမယ့် Logrones အသင်းအတွက် ပွဲပေါင်း ၁၀၇ ပွဲ ကစားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီ လာလီဂါမှာ ချန်ပီယံ ဘာစီလိုနာအသင်းနဲ့ ၁၇ မှတ်အကွာ ဇယား အဆင့် ၃ မှာသာ ရပ်တည်ခဲ့ပါတယ်။

Ref; BBC, EFE

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required