အီရတ်တပ်ဖွဲ့ဝင်လေးဦးကို အိုင်အက်စ်က အရှင်လတ်လတ်မီးရှို့သည့် ဗီဒီယိုထုတ်ပြန်

အီရတ်တပ်ဖွဲ့ဝင်လေးဦးကို အိုင်အက်စ်က အရှင်လတ်လတ်မီးရှို့သည့် ဗီဒီယိုထုတ်ပြန်

အီရတ်ရှီးယားစစ်သားလေးဦးကို အရှင်လတ်လတ်မီးရှို့သည်ကို ပြသသည့်ဆိုသည့် ဗီဒီယိုတစ်ခုကို အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ထုတ်ပြန်လိုက်သည်။

အိုင်အက်စ်၏ မီဒီယာတပ်ဖွဲ့က အနောက်ပိုင်းရှိ အန်ဘာပြည်နယ်တွင် ရိုက်ကူးခဲ့သည့် သြဂုတ် ၃၁က ထုတ်ပြန်ခဲ့သည့် ဗီဒီယိုတွင် လိမ္မော်ရောင် အထက်အောက် တစ်ဆက်တည်းဝတ်စုံဝတ် အီရတ် စစ်သားလေးဦးက ၎င်းတို့မှာ သူလျိုဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ၎င်းတို့ကို ခြေနှင့်လက်ကြိုးချည်ကာ အပေါ်မှကြိုးနှင့် တွဲလောင်းဆွဲထားစဉ် အကြမ်းဖက်သမားတို့က အောက်မှ မီးရှို့သည်ကို ပြသထားသည်။

အိုင်အက်စ်တို့သည် အများအားဖြင့် အီရတ်နှင့် ဆီးရီးယားတွင် လှုပ်ရှားလေ့ရှိသော်လည်း လစ်ဗျား၊ အီဂျစ်နှင့် အာဖဂန်နစ္စတန်အပါအဝင် အခြားနိုင်ငံများတွင်လည်း နယ်ပယ်ချဲ့ထွင်လျက်ရှိသည်။

အိုင်အက်စ်တို့သည် ခေါင်းဖြတ်ခြင်း၊ အကျဉ်ရုံးစစ်ဆေးသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် လူနည်းစုကို ပစ်မှတ်ထား မုဒိမ်းကျင့်ခြင်းတို့ ပြုလုပ်လျက်ရှိသည်။

အီရတ်နိုင်ငံ၏ မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများသည် အကြမ်းဖက်သမားများ ၂၀၁၄ကစ၍ အကြမ်းဖက်စစ်ဆင်ရေး စတင်ကတည်းက ရက်စက်သည့် အကြမ်းဖက်မှုဒဏ်ကို ခံစားနေရသည်။

အီရတ်စစ်တပ်နှင့် အပျော်တမ်းတပ်များသည် အိုင်အက်စ်စစ်သွေးကြွများကို အန်ဘာပြည်နယ်မှ မောင်းထုတ်ရန် ကြီးမားသည့် စစ်ဆင်ရေးကြီးတစ်ခုကို ဆင်နွှဲလျက်ရှိသည်။ ထို့အပြင် အီရတ်မြောက်ပိုင်း မိုဆူးရှိ အိုင်အက်စ်များကို တိုက်ခိုက်မည့် အစီအစဉ်တစ်ခုလည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required