ဒူတာတေး၏ မိန်းမမုန်း စကားလုံးများ လုံလောက်ပါပြီဟုဆိုကာ ဖိလစ်ပိုင်အမျိုးသမီးများ ဆန္ဒပြ

ဒူတာတေး၏ မိန်းမမုန်း စကားလုံးများ လုံလောက်ပါပြီဟုဆိုကာ ဖိလစ်ပိုင်အမျိုးသမီးများ ဆန္ဒပြ

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ ဇွန် ၁၂ ရက်က အမျိုးသမီး ၁၀၀၀ ကျော်ထက်မနည်းက သမ္မတ ဒူတာတေး၏ အမျိုးသမီးများအပေါ် မုန်းတီးမှုစွက်သော စကားလုံးများနှင့် ပြောဆိုချက်များ အကြိမ်ကြိမ် ရှိနေခြင်းက ၎င်းတို့ အမျိုးသမီးထုအတွက် လုံလောက်ပါပြီဆိုခြင်းအား အသိပေးပြောကြရန် စုရုံးဆန္ဒပြကြသည်။

ရွာနေသည့် မိုးထဲ မိုးများ ဆောင်းလျက်၊ တစ်ချို့ကလည်း ဖိလစ်ပိုင်အလံများ ချုပ်လုပ်ဝတ်ဆင်လျက် ဆန္ဒပြအမျိုးသမီးထု လူတန်းသည် မြို့၏ လမ်းများအနှံ့ ချီတက်ကြစဉ် “ဒူတာတေးဟာ အမျိုးသမီးတွေကို ကြောက်ရွံ့နေသူ”ဟု အော်ဟစ်ကြွေးကြော်ကြသည်။

ရာထူးတက်လာပြီး နှစ်နှစ်အတွင်း ဒူတာတေးသည် မုဒိမ်းမှုနှင့် ပတ်သက်ကာ ဟာသလုပ်ပြောသကဲ့သို့ တောင်းပန်ခြင်းလည်း မရှိခဲ့ပေ။ ထိုပြင် အမျိုးသမီးသူပုန်များအား အင်္ဂါဇာတ်ကို သေနတ်ဖြင့် ပစ်ရန်  စစ်သားများကို အမိန့်ထုတ်ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်မှာလည်း ဆိုးလ်မြို့က ဖိလစ်ပိုင်အသိုင်းအဝန်းနှင့် တွေ့ဆုံစဉ် အိမ်ထောင်ရှိ ဖိလစ်ပိုင်အမျိုးသမီးတစ်ဦးကို စင်ပေါ်ခေါ်ကာ နှုတ်ခမ်းချင်း တေ့နမ်းခိုင်း၍ ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။ ဒူတာတေးက အပျော်သက်သက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချေပထားသည်။

“ကျွန်မတို့ ပြောနေပါတယ်။ ကျွန်မတို့အတွက် လုံလောက်နေပါပြီ။ ဒူတာတေးအစိုးရနဲ့ သူကိုယ်တိုင်ရဲ့ ကျွန်မတို့ အမျိုးသမီးတွေပေါ် ပြောဆိုသဘောထားတွေဟာ လုံလောက်သွားပါပြီ။”ဟု စုရုံးချီတက်နေစဉ် တက်ကြွလှုပ်ရှားသူ ဂျင်းအန်နာကွက်ဇ်က အေအက်ဖ်ပီသို့ ပြောခဲ့သည်။

ယခု စုရုံးချီတက်မှုတွင် အမျိုးသားများပါ အပါအဝင် အင်အား ၁၅၀၀ ခန့် ရှိမည်ဖြစ်ကြောင်း စီစဉ်သူများနှင့် အေအက်ဖ်ပီသတင်းထောက်တို့က ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly