နေ့စဉ်သတင်း ထုတ်လုပ်မှုနှင့် အမျိုးသမီးကဏ္ဍအတွက် ရုပ်သံသတင်းထောက် အလိုရှိသည်။

နေ့စဉ်သတင်း ထုတ်လုပ်မှုနှင့် အမျိုးသမီးကဏ္ဍအတွက် ရုပ်သံသတင်းထောက် အလိုရှိသည်။

Mizzima Media Group ၊ ရုပ်သံဌာနမှ ထုတ်လုပ်လျက်ရှိသည့် အမျိုးသမီးကဏ္ဍ ရုပ်မြင်သံကြားအစီအစဉ်တွင် တာဝန်ထမ်းဆောင်ရန် တက်ကြွပြီး အမျိုးသမီးကဏ္ဍကို စိတ်ပါဝင်စားသော ရုပ်သံသတင်းထောက် (၂) ဦး အလိုရှိနေပါသည်။ အလုပ်လျှောက်လိုသူများသည် အောက်ပါအချက်များနှင့် ကိုက်ညီသူများဖြစ်ရမည်။

၁။ အမျိုးသမီးကဏ္ဍကို အမှန်တကယ်စိတ်ဝင်စားသူ ဖြစ်ရမည်။

၂။ ဗွီဒီယိုရိုက်ကူးမှု အတွေ့အကြုံ ရှိရမည်။

၃။ အချိန်ပေးနိုင်ရမည်။ ခရီးသွားနိုင်ရမည်။

၄။ Adobe Premiere Pro အသုံးပြုနိုင်ရမည်။

၅။ ကွန်ပျူတာ၊ အင်တာနက် အသုံးပြုနိုင်ရမည်။

၆။ ရန်ကုန်တွင် အလုပ်လုပ်နိုင်သူများ ဖြစ်ရမည်။

၇။ ပူးပေါင်းဆောင်ရွက်နိုင်ရမည်။

အထက်ပါအချက်များနှင့် ပြည့်စုံသည်ဟု ယုံကြည်သူများနှင့် လက်တွဲလုပ်ကိုင်လိုပါသည်။ ၂၀၁၅ ၊ သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ အီးမေးလ်လိပ်စာ [email protected] သို့ဖြစ်စေ၊ [email protected] သို့ဖြစ်စေ၊ မဇ္ဈိမရုံးချုပ်သို့ဖြစ်စေ လျှောက်လွှာများ ပေးပို့ရပါမည်။

မဇ္ဈိမရုံးလိပ်စာ - အမှတ်- ၁၀၁၊ ၁၀၂၊ ၁၀၃ လိပ်ကန်ကွန်ဒိုတာဝါ (ပုဇွန်တောင်ပန်းခြံအနီး)၊ အထက်ပုဇွန်တောင်လမ်းမ၊ ပုဇွန်တောင်မြို့နယ်။ ရန်ကုန်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required