ဂျပန်၊ တရုတ် ၊ တောင်ကိုရီးယားတို့ကို ဗီဇာစနစ် ဖြေလျော့ပေးရန် စီစဉ်နေ

ဂျပန်၊ တရုတ် ၊ တောင်ကိုရီးယားတို့ကို ဗီဇာစနစ် ဖြေလျော့ပေးရန် စီစဉ်နေ
ဓာတ်ပုံ-EPA
 

နေပြည်တော်၊ ဇွန် ၁၂ ။            ။ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံများမှ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်နိုင်စေရန် ဗီဇာစနစ်များ ဖြေလျော့ရန် စီစဉ် ဆောင်နေပြီဖြစ်သည်ဟု ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ယနေ့ ဇွန်လ ၁၂ ရက်တွင် ပြောကြားလိုက်သည်။

ယနေ့ ဇွန်လ ၁၂ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၂ တွင် ကျင်းပ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကွန်ဖရင့်တွင် အဖွင့်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"လက်ရှိအားဖြင့် နိုင်ငံတော်အစိုးရရဲ့ မူအားဖြင့်တော့ ခွင့်ပြုပြီးပါပြီ။ ဘယ်နေ့မှာ စတင်ကျင့်သုံးမယ်ဆိုတာကို ကြေညာနိုင်ဖို့အတွက် ဆိုင်တဲ့ ဝန်ကြီးဌာနတွေနဲ့ ဆက်ပြီး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးနေပါတယ်။ ဒါကြောင့်မို့လို့ ပေါင်းစပ်ညှိနှိုင်းပြီးတာနဲ့ လက်တွေ့စတင်နိုင်မယ့်အချိန်ကို စတင်ထုတ်ပြန်ပေးမှာဖြစ်ပါတယ် " ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးတင့်သွင်က ပြောဆိုသည်။ 

သို့ရာတွင် မြန်မာခရီးသွားများအနေဖြင့် အဆိုပါနိုင်ငံများသို့ သွားရောက်ရာတွင် ဗီဇာကြေး ပေးဆောင်နေရဆဲ ဖြစ်ပြီး ကိုရီးယားဗီဇာကြေးမှာ မြင့်မားကြောင်း သိရသည်။

လက်ရှိတွင် ဟိုတယ်နှင့်ခရီးအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ခရီးသွားဧည့်သည်တွေ ဝင်ရောက်မှုလွယ်ကူစေရန်အတွက် နည်းအမျိုးမျိုးလုပ်ဆောင်နေရာမှာ ဗီဇာစနစ်များပြင်ဆင်ခြင်း၊ ဗီဇာကြေးများ လျော့ချပေးခြင်း ၊ ဗီဇာကင်းလွတ်ခွင့်များ ပေးခြင်းတို့ကို လုပ်ဆောင်နေသည်ဟု သိရသည်။

အဆိုပါ ကွန်ဖရင့်သို့ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဌ ၊ ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ၊နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ပြည်နယ် များမှဝန်ကြီးများတက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required