သောက်သုံးရေရဲ့သက်တမ်း

သောက်သုံးရေရဲ့သက်တမ်း

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

နေ့စဉ်ရှင်သန်လုပ်ရှားနိုင်ဖို့ ရေကအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတာပါ။ ထမင်းအသက် ရ ရက်  ရေ အသက် တစ်မနက် ရယ်လို့တောင် ဆိုရိုးရှိတယ်လေ။ ဒီလိုနေ့စဉ် ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေကို ကောင်းမွန်စွာလည်ပတ်နိုင်စေဖို့အရေးကြီးတဲ့ ရေကို အခုနောက်ပိုင်းမှာ ရေသန့်ဗူးတွေနဲ့ ထည့်သွင်းပြီး PH7 ရေသန့်စစ်စစ်လို့ရောင်းချလာကြပါတယ်။ ဒီဗူးတွေထဲမှာထည့်ထားတဲ့ ရေရဲ့ သက်တမ်းက ဘယ်လောက်အထိပဲ စိတ်ချရတာလဲဆိုတာကို စဉ်းစားမိပါရဲ့လား။ ဒီဆောင်းပါးလေးထဲမှာ ရေသန့်ဗူးတွေထဲက ရေရဲ့ သက်တမ်းကိုပြောပြပေးမယ်နော်။

ရေကလူကြိုက်များတဲ့ သောက်စရာတစ်ခုပါ။ ရေက ကျန်းမာရေးအတွက်အကျိုးကျေးဇူးများပြီး ဘေးထွက်ဆိုးကျိုး လုံးဝမရှိပါဘူး ငွေကြေးကုန်ကျမှုနည်းတဲ့ သောက်စရာတစ်မျိုးလည်းဖြစ်ပါတယ်။ လူတွေက ရေဗူးတွေကို အိမ်မှာ နေ့စဉ်သောက်သုံးဖို့၊ ခရီးသွားတဲ့အခါယူသွားဖို့၊ ဒါမှမဟုတ် အပြင်သွားတဲ့အခါ လွယ်လင့်တကူသောက်သုံးလို့ရအောင် ယူဆောင်သွားကြတာပါ။
ရေဗူးဝယ်ယူတဲ့အခါ သတိထားရမယ့်အချက်တွေက

  •     ရေက သန့်ရှင်းမှုရှိရဲ့လား
  •     ထုပ်ပိုးထားတာတွေ ပျက်စီးနေလား
  •     ရေဗူးက နေရောင်နဲ့တိုက်ရိုက်ထိတွေ့နိုင်တဲ့ နေရာမှာထားထားတာလား
  •     FDA ရဲ့ခွင့်ပြုချက်ရထားရဲ့လား
  •     ကုန်ဆုံးရက်ကဘယ်နေ့လဲ
  •     ရေမှာ အရောင်ရှိနေလား ဆိုတာတွေကိုသေချာဆန်းစစ်ဖို့လိုပါမယ်။

ရေဗူးထဲကရေရဲ့ သက်တမ်းက

အမှန်တော့ သောက်သုံးရေရဲ့ သက်တမ်းမှာ ကုန်ဆုံးတယ်ဆိုတာမရှိပါဘူး။ ထည့်သွင်းထားတဲ့ ဗူးအနေအထားကြောင့်သာ ရေထဲမှာ ဓာတုဓာတ်ပြုမှုတွေဖြစ်နိုင်တာပါ။ FDA ကချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာလုပ်ဆောင်ပြီးထုတ်လုပ်ထားမယ်ဆိုရင် ရေဗူးထဲကရေရဲ့ သက်တမ်းက ၂ နှစ်အထိကြာမြင့်မှာပါ။ ရေရဲ့နောက်ထပ်ဂုဏ်သတ္တိတစ်ရပ်က သူကိုယ်တိုင်အဆိပ်အတောက်ဖြစ်စေတာမျိုးမရှိပါဘူး။ ဥပမာပြောပြရရင် မြစ်ရေကလူတွေနဲ့စက်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့်သာ ညစ်ညမ်းတာဖြစ်ပြီး သူ့အလိုလိုညစ်ညမ်းနေတယ်ဆိုတာမရှိပါဘူး။ ကန်ရေတွေ ညစ်ညမ်းတာကလည်း လူတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့်ပါ။ ဒီလိုပါပဲ သောက်သုံးရေတွေမှာလည်း သက်တမ်းကုန်ဆုံးသွားတယ်။ ညစ်ညမ်းသွားတယ်ဆိုတာ မရှိပါဘူး။

အခုပြောပြချင်တာကလည်း ဗူးတွေမှာထည့်ထားတဲ့ရေတွေက နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မယ် ဆိုရင် ဗူးကိုထုတ်လုပ်ထားတဲ့ ပလပ်စတစ်မှာပါတဲ့ ဓာတုပစ္စည်းတွေက ထွက်လာပြီး ရေထဲမှာပျော်ဝင်သွားတဲ့အခါ ရေကကျန်းမာရေးကို ထိခိုက်လာစေနိုင်မှာပါ။ နောက်တစ်ချက်က ရေဗူးတွေကို သိုလှောင်တဲ့အခါ အေးမြပြီး နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုမရှိတဲ့နေရာမှာ သိမ်းထားသင့်ပြီး ရေဗူးတွေကို သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ ဓာတ်ဆီထည့်ထားတဲ့ဗူးတွေ၊အိမ်သုတ်ဆေးဗူးတွေ နဲ့ အခြားအနံ့ပြင်းတဲ့အရာတွေ၊ အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေနဲ့ အတူတူကပ်ပြီး သိမ်းဆည်းတာမျိုးမလုပ်သင့်ပါဘူး။

သောက်သုံးရေကို ဗူးထဲထည့်ပြီး အခန်းအပူချိန်မှာထားသောက်သုံးမယ်ဆိုရင် ၄ နာရီကနေ ၈ နာရီအတွင်းပဲထားသင့်ပါတယ်။ တကယ်လို့ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် ၄ ရက် ကနေ ၅ရက်အထိထားလို့ရပါတယ်။ ရေကို အမြဲတမ်းသန့်ရှင်းနေစေချင်ရင် ဖွင့်သောက်ပြီးတာနဲ့ ဗူးကို ရေခဲသေတ္တာထဲချက်ချင်းထည့်လိုက်ပါ။

လေ့လာမှုတွေအရ နေရောင်နဲ့တိုက်ရိုက်ထိတွေ့ထားတဲ့ ရေဗူးထဲကရေကိုသောက်သုံးမှုကြောင့် အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ခံစားကြရပြီး အမျိုးသားတွေမှာလည်း ကင်ဆာရောဂါတွေခံစားရတာရှိပါတယ်။လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ရေသန့်ဗူးတွေကို သောက်သုံးတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်ပြီး PH7 ပြည့်ဝတဲ့ရေကို သောက်သုံးမိစေဖို့အတွက်   နေရောင်နဲ့တိုက်ရိုက်ထိတွေ့ထားတာ မရှိဘဲ အေးမြပြီး နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုမရှိတဲ့နေရာမှာ သပ်သပ်ရပ်ရပ်သိမ်းဆည်းထားဖို့လိုပါမယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly