ရုရှနိုင်ငံ၊ မော်စကိုမြို့မှာ ကမ္ဘာ့ဖလားမတိုင်မီ Fan zone ကို စတင်ဖွင့်လှစ်

ရုရှနိုင်ငံ၊ မော်စကိုမြို့မှာ ကမ္ဘာ့ဖလားမတိုင်မီ Fan zone ကို စတင်ဖွင့်လှစ်

ဇွန် ၁၁၊ မော်စကို ။            ။ ရုရှနိုင်ငံ မော်စကိုမြို့မှာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမတိုင်မီ ပရိသတ်တွေအတွက် Fan zone ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

ဖီဖာရဲ့သံတမန်တွေဖြစ်ကြတဲ့ ကမ္ဘာ့ဖလားရပြင်သစ်ကစားသမားဟောင်း ဒက်ဆယ်လီ၊ ရုရှကစားသမားဟောင်း ခါဇာကော့ဗ် တို့က ဇွန်လ ၁၀ ရက်မှာ တရားဝင်ဖွင့်လှစ်ပေးလိုက်တာပါ။

Fan zone ဖွင့်ပွဲမှာ ကမ္ဘာ့ဖလားကိုပြသထားပြီး ရုရှနဲ့နိုင်ငံတကာ ဂီတအနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေနဲ့အတူ ပရိသတ် ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပါတယ်။

Fan zone ဟာ ပရိသတ် ၂၅, ၀၀၀ လောက်ဝင်ဆံ့ပြီး ပထမဆုံး တရားဝင်ပွဲတစ်ပွဲကို လက်ခံဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်။

မော်စကို စီးတီးစင်တာရဲ့တောင်ဘက် စပဲရိုးဟေးလ် အရပ်မှာတည်ရှိပြီး ရင်သပ်ရှုမောစရာ မော်စကိုတက္ကသိုလ်ကြီးမြင်ကွင်း နောက်ခံ ရှိနေပါတယ်။

မော်စကိုမြစ်ရဲ့တစ်ဖက်ကမ်းမှာတော့ ဇွန် ၁၄ နဲ့ ဇူလိုင် ၁၅ မှာ ကျင်းပမယ့် ဖွင့်ပွဲ၊ ပိတ်ပွဲ အပါအဝင် ဘောလုံးပွဲစဉ်ပေါင်း ရ ပွဲ လက်ခံကျင်းပမယ့် လုဇ်နီကီဘောလုံးကွင်းကြီး ရှိနေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပမယ့် တခြားမြို့ ၁၀ မြို့မှာလည်း ကမ္ဘာ့ဖလားစတင်မယ့် ဇွန်လ ၁၄ ရက်ကျရင် fan zone တွေ ဖွင့်လှစ်သွားမှာပါ။

ကမ္ဘာ့ဖလားပွဲရှိတဲ့နေ့တိုင်းမှာ fan zone တွေကို ဖွင့်လှစ်ထားမှာဖြစ်ပြီး ကြီးမားတဲ့ရုပ်သံမျက်နှာပြင်ကနေ ဘောလုံးပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသတာအပြင် ဂီတနဲ့ ဖျော်ဖြေရေးအစီအစဉ်ပေါင်းများစွာလည်း ပါဝင်မှာပါ။

ပရိသတ်တွေအနေနဲ့ fan zone ကို အခမဲ့ ဝင်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

Ref; rt

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags