ထိပ်သီးအစည်းအဝေးအတွက် ထရမ့်နှင့် ကင်ဂျုံးအွန် ရောက်ရှိနေရာ စင်ကာပူတွင် လုံခြံုရေးတင်းကြပ်

ထိပ်သီးအစည်းအဝေးအတွက် ထရမ့်နှင့် ကင်ဂျုံးအွန် ရောက်ရှိနေရာ စင်ကာပူတွင် လုံခြံုရေးတင်းကြပ်

စင်ကာပူ၊ ဇွန် ၁၁ ။                  ။ စင်ကာပူနိုင်ငံသို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့က ထိပ်သီးအစည်းအဝေးအတွက် ဇွန် ၁၀ ရက်၌ ရောက်ရှိရာ လုံခြံုရေးတင်းကြပ်စွာ ချထားသည်။

ဇွန် ၁၂ ရက်တွင် ထရမ့်နှင့် ကင်ဂျုံးအွန်တို့၏ ထိပ်သီးအစည်းအဝေး၌ မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်သိုက်အရေးက ထိပ်တန်းဦးစားပေး ဆွေးနွေးမည်ဖြစ်ကာ ငြိမ်းချမ်းရေးအတွက် တစ်ချက်တည်းဖြင့် ဖော်ဆောင်မှုအဖြစ် ထရမ့်က ယင်းအစည်းအဝေးကို ပြောဆိုထားသည်။

မြောက်ကိုရီးယား ခေါင်းဆောင်တစ်ဦးနှင့် ယင်းနိုင်ငံအတွက် နယ်ချဲ့ရန်သူဖြစ်ခဲ့သည့် တာဝန်ထမ်းဆဲ အမေရိကန်သမ္မတတစ်ဦးတို့၏ ပထမဆုံး တွေ့ဆုံမှုဖြစ်လာမည့် ယခု အစည်းအဝေးတွင် ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ်ရေးကိုလည်း ဆွေးနွေးကြမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်း ကင်ဂျုံးအွန်က လက်နက်စီမံကိန်းများ အရှိန်မြှင့်လာခဲ့ရာ တင်းမာမှုများ ဖြစ်ပွားနေရာမှ ထူးကဲအံ့သြဖွယ် အချိုးအကွေ့အပြောင်းအလဲအဖြစ် ယခုအစည်းအဝေး   ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

ကင်ဂျုံးအွန်၏ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများနှင့် အကြီးဆုံးနှင့် ခြောက်ကြိမ်မြောက်ဖြစ်သော နျူကလီးယား စမ်းသပ်မှုတို့ကြောင့် ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်သကဲ့သို့ သမ္မတ ထရမ့်နှင့် ၎င်းတို့ကြား အပြန်အလှန် ထိုးနှက်သည့် စကားစစ်ပွဲများ ဖြစ်ပေါ်ပြီးနောက်ပိုင်း မြောက်ကိုရီးယားဖက်က အမေရိကန်နှင့် ဆွေးနွေးလိုကြောင်းကို တောင်ကိုရီးယားမှတစ်ဆင့် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုအစည်းအဝေးမှ ကြီးကြီးမားမား အောင်ပွဲဆင်နိုင်လိမ့်မည်ဟု မျှော်လင့်မရကြောင်း ဝေဖန်သူများက ဆိုထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags